4

795 139 13
                                    

နေမ​ကောင်းသည်မှစ၍ အိပ်မက်ဆိုးမက်ခြင်း၊ သရဲ​​ကြောက်ခြင်း၊ အထီးကျန်ခြင်း အစရှိသည့် အ​ကြောင်းပြချက်​ပေါင်း​​ သောင်း​ခြောက်​​ထောင်ဖြင့် ​ဆောင်းဟန်ဘင်း အိမ်တွင် ကျန်း​ဟောင့် ၁​ယောက် ဖင်လှည့်​ခေါင်းလှည့်ဖြင့် ​သောင်တင်​နေသည်မှာ ၁လပင် ကြာမြင့်​နေ​​လေပြီ။

​ဆောင်းဟန်ဘင်း အခန်းတွင်းတွင်လည်း ကျန်း​​​ဟောင့်၏ ပစ္စည်းပစ္စယ​လေး များမှာ တတိတိဖြင့် ​နေရာယူလာကြသည်။ မိုးအုံ့​နေသည့်အပြင် စိတ်ထဲတွင်လည်း ငြီးစီစီ ဖြစ်​လာ၍ ပစ္စည်းများ ​နေရာ​​ရွှေ့​ပြောင်းချင်စိတ်​ ပေါက်လာသဖြင့် မနက်တစ်ပိုင်း ဆိုင်ကို ခဏ ပိတ်လိုက်ပြီး အ​ပေါ်ထပ်ကို ရှင်းရန် ပြင်ရ​တော့သည်။

​​ရေဒီယိုကို ဖွင့်လိုက်ချိန် လွှင့်​နေသည့် သီချင်းမှာလည်း သူ့အကြိုက်ဆုံးဖြစ်သည့် april shower။ မိုးရွာချိန်တိုင်းလည်း နား​ထောင်ဖြစ်​နေ၍ မှန်ပြတင်းမှ တဆင့် အပြင်သို့ ကြည့်လိုက်ချိန် တိုက်တိုက်ဆိုင်ဆိုင်ပင် မိုးဖွဲ​လေးများမှာလည်း စတင် ကျဆင်း​​နေသည်။

မိုးများလာမည့် အရိပ်အ​ယောင်ကို မြင်​နေရ၍ အပြင်သွားတိုင်း ထီးမယူတတ်သည့် ကျန်း​ဟောင့်ကို စိတ်ပူလာရသည်။ ဒီ​နေ့​တော့ သွားကြိုရမည်ထင်သည်။

ကျန်း​ဟောင့်​ ရောက်လာကတည်းက သူ့အခန်းမှာလည်း သူမ​နေရ​တော့ဘဲ ကျန်း​ဟောင့်ကို အပိုင်ပေးထားရ​သည်။ ကျန်း​ဟောင့်မှ အတူသုံးရန် ​ပြော​သော်လည်း အိမ်ရှင်မှ ဧည့်ဝတ်မ​​​​ကျေ မဖြစ်လို၍ သူ့ဘာသာ သက်သက်ခွဲ​နေခြင်းသာ။
အခန်းတွင်း ဝင်မိ​​တော့ ရှင်းစရာမရှိ သန့်ရှင်းသပ်ရပ်လျက်။ အသန့်ကြိုက်​သော ​ဆောင်းဟန်ဘင်းမှာ ရင်ထဲ​အေးသွားရသည်။ ညစ်​ပတ်​နေလျှင် ​ခေါင်းကိုက်ရသည်​လေ။ သန့်ရှင်း​နေ​သော်လည်း စာကြည့်စားပွဲမှာ​တော့ စာအုပ်များပြန့်ကျဲ​လျက်သား။

စာအုပ်များ ညီညာမှု မရှိ​နေလျှင် မ​နေနိုင်သည့် ဗီဇ​ကြောင့် သွားကာ စီ​ပေးမိ​တော့ မ​တော်တဆ လက်ဖြင့် တိုက်မိ၍ အစွန်နားမှ သား​ရေဖုံးထားသည့် စာအုပ်က​လေးမှာ ​အောက်သို့ ပြုတ်ကျသွားရသည်။

APRIL SHOWERWhere stories live. Discover now