5

829 138 5
                                    

이 비에 I wanna rock with you......

ဧပြီလ ​နှောင်းပိုင်းဖြစ်၍ မိုး​ဖွဲ​လေးများမှာ တစ်စနှစ်စ ​မြေပြင်​ပေါ်သို့ သက်ဆင်း လာတတ်​နေပြီ။ ​မေလတွင် ပန်းများဖူးဖွင့်ရန် ​ရှေ့​ပြေးမိုးစက်​လေးများမှာ ​ချစ်စရာ ဖြစ်​သော်လည်း ယ​နေ့တွင်​တော့ မိုးစက်များမှာ အရင်ရက်များထက် များပြားလာသည်။ ​မနက်ပိုင်းတွင် နေသာ​နေသည့်အပြင် ဘယ်သွားသွား ထီးမယူတတ်သည့် ကျန်း​ဟောင့်မှာ​တော့ လုံးဝ မိုးမိ​လေပြီ။

​မိုး​ရေထဲ ​ပြေး​နေရင်း ကော်ဖီဆိုင်​ တစ်ဆိုင်ရှေ့မှ ဖြတ်မိ​​လေတော့ ​ဆိုင်အ​ရှေ့အပြင်သို့ အဖီထုတ်ထား​သော ခေါင်မိုး​လေး​ကြောင့် မိုးဝင်ခိုရ​ နိုးနိုးဖြင့် တုံ့ဆိုင်း​နေရာမှ မိုးမှာသည်းလာ၍ ရပ်​​နေရ​တော့သည်။

၅ မိနစ်ခန့် အကြာတွင်​တော့ မိုးမှာ ပိုမိုသည်းလာပြီး လူမှာလည်း ခိုက်ခိုက်တုန်​အောင် ချမ်းလာသည်။ ​​ကော်ဖီဆိုင်ထဲ ဝင်ရန်လည်း အားနာမိ၍ ဤအတိုင်း ရပ်​နေစဥ် တံခါးက ပွင့်လာကာ လူ၁​ယောက်က သူ့ကို လှမ်း​ခေါ်သည်။

"​ကျောင်းသား​လေး!! အထဲဝင်လာခဲ့"

"ကျွန်​တော် ​ရေ​တွေရွှဲ​နေ...."

"ချမ်းပြီးသေချင်လို့လား မိုး​ရေထဲ"

လှမ်း​ငေါက်လိုက်သူကြောင့် အားနာနာဖြင့် ဆိုင်ထဲသို့သာ ဝင်လာရ​တော့သည်။ ဆိုင်အတွင်း​ပိုင်းသို့ သူ ရောက်ချိန်တွင်တော့ အပြင်ဘက်နှင့် ကွာခြားလှစွာ ​​လေထုမှာ နွေး​ထွေး​နေပြီး ​ကော်ဖီနံ့​လေးများမှာလည်း သင်းပျံ့​နေ​လေသည်။

အဝါ​ရောင်မီး​လေးများနှင့် vintage ဆန်ဆန် အပြင်အဆင်များ​ကြောင့် ​ကော်ဖီဆိုင်​လေးမှာ လွမ်း​​မောဖွယ်အတိ။ စာလုပ်လို့ ကောင်းမယ့်​နေရာလေးပဲ။ ထိုလူမှာ အ​ပေါ်သို့တက်သွားပြီး ခဏအကြာတွင်​တော့ အဝတ်အစား တစ်ချို့ကို ယူလာကာ ပြန်ဆင်းလာသည်။

"လာ ဒီကိုလာ"

ထိုသူကပဲ မီးလင်းဖိုနားရှိ စားပွဲဝိုင်းသို့ ထိုင်ရန် ​ခေါ်​လာ​တော့ တုံ့ဆိုင်းဆိုင်းဖြင့် သွားလိုက်မိသည်။ သူသွားရာတစ်​လျှောက် ​​ဘောင်းဘီ​အောက်နားမှ ​ရေစက်များမှာလည်း ကြမ်းပြင်တွင် ​တရွတ်ဆွဲလျက်။

APRIL SHOWERWhere stories live. Discover now