ကံစေရာ

7.8K 10 0
                                    

ဘုန်း”ဆောက်လုပ်ရေး ဆိုလျှင် မသိသူ မရှိသလောက်ပင် ။ ဝန်ဆောင်မှုကောင်းခြင်း၊ ဒီဇိုင်းသေသပ်လှပခြင်း၊ ခိုင်ခန့်ပြီး အလုပ်အပ်သူများ၏ စိတ်တိုင်းကျ ဆောင်ရွက်ပေးခြင်း တို့ကြောင့် ဖြစ်သည်။ ထို့ကြောင့်လည်း ဘုန်းခန့်တစ်ယောက် အလုပ်များပြီး project တစ်ခုဖြင့် ဧည့်ခန်းထဲတွင် အလုပ်ရှုပ် နေလေသည်။

“ကိုကို မအိပ်သေးဘူးလား အချိန်လည်းကြည့်ဦး”

မိမိ၏ဇနီး ချစ်ဖူး အသံကြားမှ ဘုန်းခန့် နာရီကို လှမ်းကြည့်မိသည် ။ ည ၁၂:၂၀ ပင်ရှိပြီ ဖြစ်သည်။

“အလုပ်လုပ်တာလည်း လုပ်တာပေါ့ ကိုကိုရယ်။ ကျန်းမားရေးလည်း ဂရုစိုက်ဦးမှပေါ့”

ဟုပြောကာ ဘုန်းခန့်ဘေးမှာ ဝင်ထိုင်လိုက်သည်။

“ပြီးခါနီးမို့ တခါတည်း အပြီးသတ်လိုက်ချင်လို့ပါ မိန်းမရယ်”

ဘုန်းခန့် သူ၏ဘေးတွင် ဝင်ထိုင်လိုက်သော ချစ်ဖူးကို မကြည့်ပဲ ကွန်ပျူတာထဲမှ သူ၏အလုပ်ကိုသာ အားရုံစိုက်၍ ပြန်ပြောလိုက်သည်။

“ကိုကို ချစ်လေးတို့ကို အရင်လို ဂရုမစိုက်နိုင် ၊ အချိန်မပေးနိုင်တာ တော်တော်ကြာပြီးနော် ကိုကို”

“ချစ်ကလည်းကွာ ကိုကိုလုပ်နေတာတွေ အားလုံးက ချစ်တို့အတွက်ပဲလေ”

“ဒါတော့ဒါပေါ့ ကိုကိုရယ်။ ကိုကိုက ညတိုင်း အလုပ်တွေနဲ့ပဲ အချိန်ကုန်နေတော့ ချစ်က ကိုကိုကျန်းမားရေး ထိခိုက်မှာ စိတ်ပူလို့ပါ”

ဟု ဝမ်းနည်းပူပန်သော အသံဖြင့်ပြောပြီး ဘုန်းခန့် ပုခုံးပေါ်သို့ သူမ၏ ခေါင်းလေး မှီထားလိုက်သည်။ ဟုတ်တော့လည်း ဟုတ်သည် ။ အရင်လို သူမတို့ သားအမိပေါ် အချိန်မပေးနိုင်တော့ပဲ အလုပ်ကိုပဲ အာရုံစိုက် လုပ်နေမိသည်။ သမီး အမွှာလေးနှစ်ယောက် မွေးပြီး သုံးနှစ်လောက်နေတော့ အလုပ်အပ်သူတွေ များလာသည်။

နယ်ဘက်ခြမ်းမှ အလုပ်အပ်သူများလည်း ရှိလာသဖြင့် ခရီးလည်း ခဏခဏထွက်ရသည်။ လင်မယားချင်း ဆက်ဆံဖို့ ကျတော့လည်း တစ်လမှာ တစ်ကြိမ်တောင် အနိုင်နိုင်။ အခုတောင် သမီးနှစ်ယောက်က ၅ နှစ်ထဲရောက်လို့ ကျောင်းတောင် တက်နေပြီ။ အချိန်ကပဲ ကုန်တာမြန်နေလို့လား။

You've reached the end of published parts.

⏰ Last updated: Jun 04, 2023 ⏰

Add this story to your Library to get notified about new parts!

18 plusWhere stories live. Discover now