Chapter 0

239 25 0
                                    

-Patel with a blood stain-

ငါ့ရဲ့ အသွေးအသားတွေထဲ အချစ်ပန်းနွယ်ပင်တစ်ခု ရှင်သန်လာရာက‌ စတော့တာပဲ။

အပင်ရဲ့ မျိုးစေ့ဟာ ဘယ်အချိန်ကတည်းက ပြန့်ကျဲတည်ရှိနေခဲ့သလဲဆိုတာ ရေရေရာရာမသိခဲ့သလို ဘယ်အချိန်မှာ အမြစ်‌ေတွ ရစ်တွယ်တက်လာလို့ ဘယ်အချိန်မှာ ပေါက်ရောက် ကြီးထွား‌ေနခဲ့မှန်းလည်း သတိမထားမိခဲ့ဘူး။

ငါ့ရဲ့ ကိုယ်တွင်းအစိတ်အပိုင်းတွေ ယိုယွင်းလို့ ပျက်စီးစပြုလာတာကို သတိထားမိတဲ့အချိန်မှ

အဲ့ဒီပန်းပင်က ခန္ဓာကိုယ်အတွင်းမှာ အခိုင်အမာရစ်နွယ်ပြီး အသွေးအသားတွေကို မြေဩဇာအဖြစ် အသုံးချ စားသုံးနေခဲ့မှန်း စပြီး သတိထားမိခဲ့တော့တာ။

ဒီအဆိပ်ပြင်းလွန်းလှတဲ့ အပင်ဟာ အသက်ပါ ပျောက်သည်အထိ အန္တရာယ်ပေးနိုင်မှန်း သိခဲ့ပါရဲ့နဲ့ ငါဟာ ရှင်းထုတ်ပစ်ဖို့ မကြိုးစားမိခဲ့ဘူး။

အဲ့ဒီ ရူးနှမ်းမိုက်မဲတဲ့ လုပ်ရပ်ရဲ့ အကျိုးဆက်အနေနဲ့ ပန်းနွယ်ပင်ဟာ ငါ့ကို အရိုးဆွေးသည်အထိ တမြေ့မြေ့ဝါးမြို လာတော့တာပဲ ။ သိပ်နာကျင်ခဲ့ရတာတောင် အဲ့ဒီနာကျင်မှုကို ကပ်တွယ်နေမိခဲ့တယ်လေ ။

ဒါတွေဟာ ငါ့ရဲ့ အသွေးအသား‌ထဲ အချစ်ပန်းနွယ်ပင်တစ်ခု ရှင်သန်လာရာက စတော့တာပဲ။

-Patel with a blood stain-

~
~

လေးလံနေတဲ့ သူ့ရဲ့ခြေလှမ်းစိပ်စိပ်တွေဟာ မြက်ပင်ရှည်တွေအကြား တိုးဝေ့ ရွေ့လျားရင်း..

၀ရန်းပြေး အပြစ်သားတစ်ယောက်လို လိပ်ပြာမသန့်ခြင်းတွေ ၊ ပူဆွေးခြင်းတွေနဲ့ နောင်တတွေဟာလည်း သူ့ရင်ထဲ တပွေ့တပိုက်ပါလေ။

‌ခပ်နွေးနွေးလေပြေညင်းရဲ့ အဝေ့မှာ သူရဲ့ ဆံနွယ်တွေ မသိမသာကခုန်သွားကာမှ အနှီလူက အသိပြန်၀င်လာသ‌လိုလိုပါရယ်။

စိတ်လှုပ်ရှားမှုဆိုလို့ အရိပ်အယောင်တောင် လုံးလုံးမတည်တဲ့ ခပ်ပြတ်ပြတ်မျက်နှာပိုင်ရှင်ကို ကြည့်ရုံနဲ့ အဲ့ဒီလူက လမ်းငယ်အဆုံးမှာ သူ့ကို စောင့်နေတဲ့အရာကို သိထားပုံရတယ်။

𝐏𝐀𝐓𝐄𝐋 𝐖𝐈𝐓𝐇 𝐀 𝐁𝐋𝐎𝐎𝐃 𝐒𝐓𝐀𝐈𝐍 { 𝐤𝐭𝐡 𝐱 𝐜𝐛𝐠 }Where stories live. Discover now