Chapter II

96 17 1
                                    

ပင်ကိုင်းထက်မှ ချယ်ရီပွင့်များဟာ ‌စွတ်တိုးလာတဲ့ လေအဝေ့မှာ မြေခ‌ေတာ့ပေမည်လား ။

စီးဆင်းလျက်ရှိတဲ့ စမ်းချောင်းငယ်ထဲမှ ရေကြည်အေးများဟာလည်း ခမ်းခြောက်တော့မည်လား ။

ချစ်ခြင်းဆိုတဲ့ ပျိုးပင်တစ်ပင်ဟာလည်း ကွယ်ဝှက်စွာပေါက်ရောက်တော့မည်လား ။

အဆိပ်ပင်ရေလောင်းခဲ့ကြသည့် သူတို့ဥယျာဉ်မှူးနှစ်ဦးရဲ့ တွေ့ဆုံခြင်းကို တည်စေသော နွေဦးရာသီမှာလည်း များမကြာမှီ အဆုံးသတ်ပေတော့မည်လား။

' ဘယ်သူသေသေ ငတေမာရင်ပြီးရော ' ဆိုတဲ့ ဆိုရိုးဟာ သူ့အတွက် သီးသန့်ဖြစ်တည်ထားတယ်လို့တောင် ထင်ရတဲ့အထိ ချွဲဘောမ်ဂယူရဲ့ ခေါင်းမာပုံတွေကို အနုပညာမေဂျာနဲ့ ဆိုးလ်တက္ကသိုလ်ယောက်ျားလေးအဆောင်က ကျောင်းသားအားလုံးနီးပါး သိကြပါသည်။ သို့ပေတည်း ယခုတွင်‌ေတာ့ဘာကိုမှဂရုမစိုက်ပဲ လုပ်ချင်ရာလုပ်တဲ့လူလို့ ထင်ရှားတဲ့ ဘောမ်ဂယူတစ်ယောက်ဟာ အခက်တွေ့ချေပြီ။

ပြဿနာမှာ တခြားမဟုတ် ၊ သိပ်မကြာသေးသော နေ့က သူတွေ့ခဲ့တဲ့ ကဖီးဆိုင်က ကောင်လေးပါပင်။

ထိုကောင်လေး သူ၏ စိတ်အစဉ်တွေ မြူးတူးသွားလာနေခဲ့သည်မှာ စတွေ့ခဲ့သည့်ညကတည်းက ဖြစ်သည်ကို ဘောမ်ဂယူ၀န်မခံချင်ခဲ့ပါ။ သို့ဖြစ်၍လည်း အနှီညက ထိုကောင်လေးအကြောင်းတွေးရင် အိပ်ရေးပျက်ခဲ့ရသည့် အကြောင်းတွေကို သူ၏ ဒိုင်ယာရီထဲမှ အပ မည်သည့်နေရာတွင်မှ ထုတ်မပြောခဲ့ခြင်း ဖြစ်သည်။

သူ့ကို အိပ်မပျော်စေခဲ့သော အတွေးများမှာလည်း တခြားမဟုတ်။

သူစကားမပြောချင်ရအောင် ငါက ဘာများချို့ယွင်းနေတာရှိလို့လဲ ၊ သူက ဘာကောင်မလို့လဲ
စသည့် ချွဲဘောမ်ဂယူဆန်ဆန် အတွေးများသာဖြစ်ခဲ့သည်။

မိုးဦးကာလ၀င်စ သာမန်နေ့တစ်နေ့ဖြစ်သည်။
ဆိုးလ်အမျိုးတက္ကသိုလ်၏ ကျယ်ပြောလှသော ကျောင်း၀န်းအတွင်းတွင်လည်း
များပြားစွာသောကျောင်းသားများမှာ ခြေချင်းလိမ်အောင် သွားလာလှုပ်ရှားနေကြလျက်။

Bạn đã đọc hết các phần đã được đăng tải.

⏰ Cập nhật Lần cuối: Dec 07, 2023 ⏰

Thêm truyện này vào Thư viện của bạn để nhận thông báo chương mới!

𝐏𝐀𝐓𝐄𝐋 𝐖𝐈𝐓𝐇 𝐀 𝐁𝐋𝐎𝐎𝐃 𝐒𝐓𝐀𝐈𝐍 { 𝐤𝐭𝐡 𝐱 𝐜𝐛𝐠 }Nơi câu chuyện tồn tại. Hãy khám phá bây giờ