အခုက ကိုဘုန်းနဲ့အတူ Mallကကိုဘုန်းရဲ့ရုံးခန်း ကိုရောက်နေခြင်းဖြစ်သည်။
ဝန်ထမ်းတွေကတော့ ကိုဘုန်းရဲ့ခက်ထန်နေတဲ့ မျက်နှာအနေအထားကြောင့်
တုပ်တုပ်မျှပင်မလှုပ်ရဲဘဲ ရပ်နေကြသည်။"မန်နေဂျာ ဘယ်မှာလဲ"
"ကျနော်ပါ Boss "
"မင်းနေ့တိုင်းဘယ်အချိန်လာပီး ဘယ်အချိန်အိမ်ပြန်လဲ"
"အဲ့တာက"
"ငါမေးနေတာကိုမကြားတာလား"
"ကျနော် မနက်တိုင်း ၈နာရီခွဲလာပါတယ် ပီးတော့ညနေဘက်က ၅နာရီပြန်ပါတယ်"
"ဒါက နေ့တိုင်းမင်းလာချိန်ပြန်ချိန်လား"
"ဟုတ်ပါတယ် တခါတလေတော့ နောက်ကျ"
"ဆင်ခြေမလိုချင်ဘူး ငဖြိုး"
"ဗျာ ကိုဘုန်း"
"အံဆွဲထဲက ငါထည့်ထားတဲ့ စာအိတ်ယူလာပေး"
"ဟုတ် ကိုဘုန်း"
စာအိတ် ညိုကျင်ကျင် အရောင်ကိုယူပီး ကိဘုန်းကိုပေးလိုက်သည်။
"ရော့ ဒါက မင်းရဲ့လစာနောက်ရက်က စပီးမင်း ဒီMall မှာ ဆင်းစရာမလိုတော့ဘူး
မင်းကိုငါ အလုပ်ထုတ်လိုက်ပီ မင်းကိုငါ ဒီတိုင်းမထုတ်ပါဘူး အဲ့ထဲမှာ မင်းအတွက်နစ်နာကြေး သုံးလစာပါတယ်""ကျနော်ဘာအမှားလုပ်မိလို့လဲ သူဌေးရယ်"
"မင်းဘာလုပ်ခဲ့တယ်ဆိုတာ ငါ့ကိုဒီနေရာမှာ ပြောစေချင်လား ကောင်းပီလေ
ကျနော်လဲ ဖြစ်ကြောင်းကုန်စင်
ပြောပြတော့ မန်နေဂျာဆိုတဲ့လူက
ငြိမ်ကျသွားသည် ။
ဝန်ထမ်းတွေဆီကလဲ တစ်ယောက်တစ်ပေါက်တီးတိုးသံတွေထွက်လာသည်။"ဒီလောက်ဆိုမင်းသဘောပေါက်သင့်ပါတယ်"
"ကျနော်တောင်းပန်ပါတယ် ကျနော့ကိုအလုပ်မထုတ်ပါနဲ့ "
ခြေထောက်ကိုအတင်းဖက်တွယ်ကာ
အလုပ်မထုတ်ဖို့ပြောနေသာ့်သူကြောင့်
ပိုတောင်စိတ်ညစ်လာရသည်။"ငဖြိုး လုံခြုံရေးကိုခေါ်လိုက်"
"ဟုတ်ကိုဘုန်း"
YOU ARE READING
ဒီရင်အနက်ရှိုင်းဆုံးကိုခွဲ၍ပြချင်သည် (Complete )
Romancedrama အနည်းငယ်ဘဲပါပီး ro တဲ့ဖက်ကိုသွားမှာပါဗျ