"ကိုကို""အင်မောင်"
"မောင် အန်ချင်တယ် ပီးတော့ ခေါင်းလဲ
အရမ်းမူးနေတယ်"ဖုန်းကိုကိုင်လိုက်သည်ဆိုတာနဲ့ဘဲ
တစ်ဖက်က မောင့်ရဲ့နွမ်းလျနေတဲ့
အသံကိုကြားတာကြောင့် စိတ်ပူစွာမေးလိုက်သည်။ မောင်က ရာသီဥတု အပြောင်းအလဲဆိုနေမကောင်းဖြစ်တတ်သည်။
မောင်က ညနေခင်းဘက် ခေါင်းလျော်တာတို့ အအေးစာစားတာတို့ဆို
နှာစေးချောင်းဆိုးဖြစ်တော့သည်။
အခုလဲ ကျနော်ကမအားတာကြောင့်
အလုပ်ကိစ္စနဲ့တစ်ယောက်တည်းခရီးထွက်သွားသည်။"ဟင် မောင်ဖျားချင်နေတာလား"
"မသိဘူး"
"ကိုယ်ပြောသားဘဲမောင်ရယ် ညဘက်ဆို ခေါင်းမလျှော်ပါနဲ့လို ကိုယ်မပါဘဲ
တစ်ယောက်တည်း ဂရုစိုက်နိုင်တာလဲ
မဟုတ်ဘဲနဲ့""တနေ့လုံး လှုပ်ရှားနေရတော့ ညီစိစိ
ဖြစ်တာနဲ့ လျှော်လိုက်တာပါ""မောင်ကလဲကွာ ဂရုစိုက်မှပေါ့ အခု
ဘယ်လိုလုပ်မှာလဲ ညစာကော
ဘာစားထားလဲ ""မစားရသေးဘူး ဒီမှာကဘယ်သူမှမရှိဘူးဆိုတော့ အပြင်လဲထွက်မဝယ်ချင်တော့ဘူး ပီးတော့ မောင်က ကိုကိုပြုတ်ပေးတဲ့
ငါးဆန်ပြုတ်စားချင်တာကို""မောင်ကကွာ"
"မောင့်ကိုမဆူပါနဲ့ မောင်က ကိုကို့
လက်ရာ စားချင်လို့ကို""အင်း မနက်ဖြန်ကိုယ်လာခဲ့မယ်"
"တကယ်လားဟင်"
"အင်းပေါ့ မောင့်ကိုအခုလိုတစ်ယောက်
တည်းလွှတ်လိုက်မိတဲ့ ကိုယ်ကမှားတာ""ကိုကို့ အမှားမဟုတ်ပါဘူး"
"အင်း ဒီညတော့ တစ်ခုခုစားလိုက်နော်
မနက် ကိုယ်လာမှ ဆန်ပြုတ်ယူမယ်""ဟူတ်"
"ဆေးကော ရှိလား"
"ကိုကိုထည့်ပေးလိုက်တဲ့
ဆေးတွေတော့ ရှိတယ်""အင် သေချာသောက်နော် အခုအစာစားပီးတာနဲ့ ဆေးသောက်လိုက်နော် မောင်"
"ဟုတ် မောင်နားထောင်မယ်နော်"
"အင် ကိုယ်စိတ်ချမယ်နော်"
YOU ARE READING
ဒီရင်အနက်ရှိုင်းဆုံးကိုခွဲ၍ပြချင်သည် (Complete )
Romancedrama အနည်းငယ်ဘဲပါပီး ro တဲ့ဖက်ကိုသွားမှာပါဗျ