Description

1K 58 6
                                    

မူလခန္ဓာကိုယ်ပိုင်ရှင်တွင် နတ်ဘုရားများကို ဆန့်ကျင်နိုင်သော မျက်နှာရှိပြီး ဤမျက်နှာကို အားကိုး၍ အနုပညာနယ်ပယ်ကို လွှမ်းမိုးလို့ပင် ရသည်။ သို့သော် သူသည် သူ၏ ဦးနှောက်မဲ့သော အေးဂျင့်၏ သွေးထိုးလှုံ့ဆော်မှုကို ယုံကြည်ပြီး အထူးသီးသန့် 'အရက်သောက်ပါတီ' တွင် ပါဝင်ခဲ့၏။ ထို့နောက် ရုပ်ပျက်ဆင်းပျက်ဖြစ်ကာ ပျက်စီးခြင်းသို့ရောက်၍ အဆုံးသတ်ခဲ့ရသည်။

သူသည် အခန်းသုံးခန်းသာပါဝင်သော အဆင့် ၁၈ လွှာမှ အနုပညာရှင် အမြောက်စာဇာတ်ကောင်လေးဖြစ်၏။ သူ့နဖူးတွင် ‘သနားစရာ’ ဟူသော စကားလုံးကို ရေးထိုးထားသကဲ့သို့ပင်။

ရုပ်ရှင်ဧကရာဇ်ကျီလီသည် ၎င်းစာအုပ်ထဲသို့ ကူးပြောင်းသွားပြီး နေရာမှာတင် ဆိုးရွားလှသော ဇာတ်ကောင်ပုံစံကို ဆုတ်ဖြဲပစ်လိုက်သည်။ မှန်ထဲတွင် သူ့အသွင်အပြင်ကို သေချာစမ်းစစ်ကြည့်မိတော့-

အကြောင်းအရင်း ရေရေရာရာလည်း မရှိပါပဲ ဘာကြောင့်များ မရိုးမဖြောင့်တဲ့ အရာတွေကို လုပ်နေအုံးမှာလဲ။ ဒီလိုမျက်နှာမျိုးနဲ့ သူ့ဘာသာသူ အလုပ်မှာပဲ နှစ်မြုပ်ပြီး တိုးတက်အောင်ကြိုးစားတာ ပိုအဆင်မပြေဘူးလား?

သိပ်ကောင်းတဲ့ အတွေ့အကြုံလေးပေါ့။

***

ကျီလီသည် အလုပ်အကိုင်လမ်းကြောင်းတစ်ခုတည်းကိုသာ လျှောက်လှမ်းချင်ခဲ့၏။ ထို့ကြောင့် သူ၏ နတ်ဆိုးကဲ့သို့သော ထိုးထွင်းဉာဏ်ကို အသုံးပြု၍ မည်သူမှ မမျှော်လင့်ထားသော အလုပ်တစ်ခုကို ရွေးချယ်ခဲ့သည်—

သူသည် ရုပ်ရှင်ကားတစ်ကား၏ တတိယမြောက် အမျိုးသားဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ချင်ရုံလေး ဖြစ်သော်ငြား ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံခဲ့ရ၏။

သူသည် သိပ်မကျော်ကြားသော ရေမွှေးအမှတ်တံဆိပ်ငယ်တစ်ခုကို ကြော်ငြာပေးရန် ရွေးချယ်လိုက်သော်ငြား အနာဂတ်အလားအလာမရှိဟုဆိုကာ ပြိုင်ဘက်တစ်ဦး၏ အထင်သေးခြင်းကို ခံခဲ့ရသည်။

ရန်ပုံငွေနည်းပြီး ဆင်းရဲလှသော ခရီးသွားရသစုံရှိုးကို လက်ခံချင်ခဲ့သော်လည်း သူ၏ အေးဂျင့်အဖွဲ့မှ သူ့ကို တားဆီးရန် အရူးအမူး ကြိုးစားခဲ့ကြသည်။

အရန်ဇာတ်ဆောင်ဖြစ်ပြီးနောက်ထင်ပေါ်ကျော်ကြားလာခြင်း[BL]Where stories live. Discover now