1.1

208 23 0
                                    

အပိုင်း(၁)

"​ဟေး ကျီလီ မင်းအဆင်​​ပြေရဲ့လား အိမ်သာထဲမှာ ဘယ်လိုဖြစ်ပြီး သတိလစ်​နေရတာလဲ"

ကျီလီသည် သူ၏အ​ခြေအ​နေအား ငုံ့ကြည့်ကာ တိတ်ဆိတ်​နေခဲ့သည်။ သူ၏အဝတ်များမှာ စိုစွတ်​နေပြီး သူ၏​ခြေ​ထောက်​နားတွင် ​ရေပုံးတစ်ပုံးမှာ ​မှောက်လျှက်ရှိ​နေကာ ​ချောမွတ်​နေ​သော ကြမ်းပြင်မှာ ​ရေများဖုံးလွှမ်း​နေ၏။ သူ၏​ဦး​​ခေါင်း​နောက်ဖက်တွင် စူးရှရှနာကျင်မှု​လေးရှိ​နေသည်။ ၎င်းမှာ သူကြမ်းပြင်​ပေါ်လဲကျသွားချိန်က ​ယောင်ရမ်းသွားခြင်းဖြစ်နိုင်​​ပေသည်။

"အခုက အသံတိတ်နေရမဲ့အချိန်လား မင်းအဆင်​ပြေလား"

တစ်ဖက်လူက စိုးရိမ်ခြင်းအလျှင်းမရှိဘဲ ​သာမန်ကာလျှံကာ​မေးလာသည်။

ကျီလီသည် သူ၏အကြည့်အားပင့်လိုက်ပြီး သူ့​ရှေ့ရှိလူအား ​လေ့လာလိုက်သည်။ ထို့​နောက် နာမည်တစ်ခုမှာ သူ၏စိတ်ထဲ​ပေါ်လာခဲ့သည် : "...လင်း​ချောင်?"

"ကြည့်ရတာ​တော့ မင်းရဲ့ဦး​နှောက်က ပျက်စီးမသွား​သေးပုံပဲ ငါတို့ကို မင်းအတွက် လူနာတင်ကား​ခေါ်​ပေးရ​တော့မဲ့ ဒုက္ခကနေ ကယ်တင်​ပေးလိုက်တာပေါ့" လင်းချောင်သည် မျက်ခုံးအနည်းငယ်ပင့်ကာ အိမ်သာအပြင်ဘက်တွင်​စောင့်ဆိုင်း​နေ​သော သူ၏အ​ဖော်များကို တစ်ချက်ကြည့်လိုက်သည်။

ဒီတောသားမြို့ရောက်ရဲ့ ဘဝက တကယ့်ကိုနိမ့်ကျပြီး ခက်ခဲတာပဲ။

အပြင်ဘက်မှ ​လှောင်​ပြောင်သံများအား ရှင်းရှင်းလင်းလင်းကြား​နေရသည်။ သူတို့အားလုံးသည် လင်းချောင်၏အကြည့်မှ အရိပ်အမြွက်ကို နားလည်ကြပုံရသည်။ ကျီလီသည် ထိုအသံတို့ကို ကြားလိုက်ပြီး အပြင်ဘက်ရှိ လူငယ်အချို့၏ မျက်နှာများကို စိုက်ကြည့်လိုက်သည်။ ခြွင်းချက်မရှိ သူတိူ့အားလုံး၏မျက်နှာ​ပေါ်တွင် ​လှောင်​ပြောင်လို​သောအမူအယာများ ရှိ​နေခဲ့သည်။

လင်း​ချောင်သည် သူ၏အကြည့်အား ဂရုမစိုက်ဘဲ ​ပေါ့​ပေါ့ပါးပါး​ပြောလာသည် : "အိမ်သာသွား​တာ​တောင် မင်းကိုယ်မင်းသတိ​လစ်သွား​​အောင်လုပ်နိုင်တုန်းပဲလား လူတစ်​ယောက်ကံမ​ကောင်းရင် ​ရေ​သောက်တာ​တောင် သွားကြားညှပ်တတ်တယ်လို့​ပြောကြတာ အံ့သြစရာမရှိ​တော့ဘူး"

အရန်ဇာတ်ဆောင်ဖြစ်ပြီးနောက်ထင်ပေါ်ကျော်ကြားလာခြင်း[BL]Where stories live. Discover now