1.2

150 25 2
                                    

၎င်းမှာ သူအိမ်၌ရှိ​နေစဥ်က ​ပေါ့​ပေါ့ပါးပါးလှန်​လှော​နေခဲ့​သော အမိုက်စား​ဖျော်​ဖြေ​ရေးနယ်ပယ်ဝတ္တုတစ်ပုဒ်ဖြစ်ပေသည်။ သူ ရှင်ရှင်းလင်းလင်းမှတ်မိ​နေရသည့် အ​ကြောင်းအရင်းမှာ သူ၏အမည်မှာ မူလခန္ဓာကိုယ်ပိုင်ရှင်အမည်နှင့် နီးပါးတူ​သော​ကြောင့်ပင်ဖြစ်သည်။ 

သူ့စိတ်ထဲရှိ မှတ်ဥာဏ်များသည် ရှုပ်ပွ​နေပြီး ကျီလီသည် ၎င်းတို့အားခွဲထုတ်ရန် အချိန်အနည်းငယ်သုံးလိုက်သည်။ မူလကိုယ်တွင် အားကိုး၍မရ​သောမိခင်တစ်ဦးရှိပြီး သူ့အား​မွေးပြီးပြီးချင်း ​ကျေးလက်တောရွာရှိ သူမ၏မွေးရပ်​မြေသို့ပြန်ပို့ခဲ့သည်။ ထို့နောက် ပျောက်ကွယ်သွားပြီး နှစ်​ပေါင်းများစွာကြာသည်အထိ ပြန်မ​ပေါ်လာခဲ့​ပေ။ 

မူလကိုယ်ကို သူ့ဦး​လေးမှ ပြုစုပျိုး​ထောင်ပေးခဲ့သည်။ သူသည် ငယ်စဥ်ကတည်းက နာခံမှုရှိပြီး အကျင့်စာရိတ္တ​ကောင်းမွန်​သူဖြစ်သည်။ သူ၏ ပင်ကိုယ်အသွင်အပြင်နှင့် ​ပေါင်းစပ်လိုက်သောအခါ အိမ်နီးချင်းများကလည်း သူ့အား အထူးဂရုစိုက်ကြ​ပေသည်။ 

မူလကိုယ်၏အ​ဒေါ်သည် လူ​ကောင်းတစ်​ယောက်မဟုတ်သည်မှာ သနားစရာပင်။

လွန်ခဲ့​သောသုံးလခန့်က သူမသည် တစ်​နေရာရာမှ သတင်းကြားလာပြီး သူမ၏သားအတွက် ကျူရှင်ခများ​ပေးရန် ဘွဲ့ရခါစ မူလကိုယ်အား ယခုကုမ္ပဏီသို့​ခေါ်သွားကာ သင်တန်းသားစာချုပ်တွင် အတင်းအကြပ်လက်မှတ်​ရေးထိုး​စေခဲ့သည်။ 

ထိုမျှသာမက လက်မှတ်ထိုးခနှင့် မူလကိုယ်၏လခများအားလုံးကိုပါ ယူသွားခဲ့​လေသည်။ စာချုပ်ဖျက်သိမ်းမှု ဆုံးရှုံးမှုအတွက် လျော်ကြေးမှာ တစ်သန်းအပြည့်ရှိပြီး ၎င်းမှာ မူလကိုယ်အတွက် ​ကောင်းကင်ကြီး​လောက်မြင့်​သော တန်​ကြေးဖြစ်​ပေသည်။

သူသည် ကူကယ်ရာမဲ့စွာဖြင့် ကုမ္ပဏီ၌ ​လေ့ကျင့်ရေးအတွက် ​နေခဲ့ရ​ပေသည်။ ဤနည်းဖြင့် လင်း​ချောင်တို့အုပ်စု၏ အာရုံစိုက်စရာဖြစ်လာပြီး ၎င်းတို့သည် သူ့အား နေ့တိုင်း ​စ​နောက်ကြလေသည်။ ဥပမာအားဖြင့် ​စော​စောက 'နောက်ပြောင်မှု'မျိုးပင်။

You've reached the end of published parts.

⏰ Last updated: Sep 13, 2023 ⏰

Add this story to your Library to get notified about new parts!

အရန်ဇာတ်ဆောင်ဖြစ်ပြီးနောက်ထင်ပေါ်ကျော်ကြားလာခြင်း[BL]Where stories live. Discover now