နို့စတော်ဘယ်ရီ ကော်ဖီညိုစိမ့် 1

339 40 8
                                    

အစ်မ သုံးယောက်နဲ့ ကြီးပြင်းရတဲ့ ရစ်ခီက ငယ်ငယ်ထဲက စိတ်ကနုနုနယ်နယ်ပေမဲ့ ဂျစ်ချင်တဲ့ စိတ်အခံလေးကတော့ ရှိတယ်၊အိမ်က အငယ်ဆုံးလေး ဖြစ်တဲ့ ရစ်ခီက အားလုံးရဲ့ အချစ်တော်လေး အလိုလိုက်ခံလေးဆိုတော့ နည်းနည်းတော့ ဆ်ိုးချင်တယ်၊ပါးပါးနဲ့မားမားက သမီးသုံးယောက်မွေးပြီး သူတို့အသက်ကြီးခါမှ မထင်မှတ်ပဲ ရစ်ခီကိုရတော့ ပိုးမွေးသလို မွေးထားတာပေါ့၊ အစ်မတွေနဲ့ကလည်း အသက်တော်တော်ကွာတော့ ရစ်ခိီ ဆိုးနွဲ့မိတာကတော့ ရစ်ခီအမှားတော့ မဟုတ်ပါဘူးလေ

လိုတိုင်းရလေး ရစ်ခီက ငယ်ငယ်ထဲက တော်ရုံကလေးတွေ ကြောက်တတ်တဲ့အရာတွေကို မကြောက်တဲ့အပြင် စူးစမ်းချင်စိတ်လေးကလည်း အပြည့်ရှိတယ်ဆိုပေမဲ့ လူတောတော့ သိပ်မတိုးရဲတာကတော့ ရစ်ခီရဲ့အားနည်းချက်လေး တစ်ခုပေါ့၊ ဒါ့ကြောင့် ရစ်ခီရဲ့ အိမ်ခေါ်နာမည်က Shen Angel (ရှန်အိမ်ဂျယ်)၊
အိမ်မှာဆို အသံကောင်းဟစ်သလောက် ရစ်ခီက လူသစ်တွေနဲ့ တွေ့ရမှာတော့ အင်မတန်ဝန်လေးတဲ့ ရှန်အိမ်တော်ရဲ့ အသဲကျော် ရှန်နတ်သားလေး၊

ဒါကလည်း ရစ်ခီကိုဆို ကျဲကျဲတို့နဲ့ကလွဲရင် အပြင်ပေးမထွက်တဲ့ ပါးပါး၊မားမားတို့ကြောင့်ပေါ့၊ ပါးပါးတို့က ထိန်းချုပ်လွန်းတာ မဟုတ်ပေမဲ့ ရစ်ခီကိုယ်တိုင်ကလည်း ကျဲကျဲတို့ ပါးပါးတို့နဲ့မှ မဟုတ်ရင် အပြင်ထွက်ဖို့ စိတ်မပါတာလည်း ပါတယ်၊
ကျဲကျဲတို့နဲ့ လက်ပွန်းတတီးနေရတော့ ရစ်ခီအတွက်ဆို ကျဲကျဲတို့က အစ်မလည်းဟုတ်တယ်၊ ကစားဖော်၊ ရန်ဖြစ်ဖော်သူငယ်ချင်းလည်း ဟုတ်တယ်၊

အချိန်တွေကုန်တာမြန်လွန်းလို့ ရစ်ခီတောင် ၁၉ နှစ် နှစ်ပြည့်တော့မှာပဲ၊တရုတ်လေးဖြစ်တဲ့ ရစ်ခီက အသားလေးက ဖြူလွလွ၊ ဆံပင်အရောင်ဆိုးတာကြိုက်လို့ ဆံပင်အနက်နဲ့ ရစ်ခီကို မြင်ရဖို့က အင်မတန်ခက်တယ်၊ အခုလည်း ရွှေအိုရောင်ဆံပင်နဲ့ ရစ်ခီရဲ့ မျက်နှာလေးဟာ နုနုနယ်နယ်လေးရယ်၊ strawberry marshmallow လေးလို မွှေးမွှေးအိအိ ချိုမြိန်တဲ့ပုံလေးနဲ့ ရှန်အိန်ဂျယ်ပါပဲ။

ကော်ဖီညိုစိမ့်တစ်ခွက် စတော်ဘယ်ရီမစ်ပါထည့်ပါ 🍓🥛☕️

အချိန်ပေးပြီး ဖတ်ပေးတဲ့ တစ်ယောက်စီတိုင်းက်ို ကျေးဇူးတင်ပါတယ် 🍓💚
tbc>>>

草每 牛奶 咖啡 🍓🥛☕️Where stories live. Discover now