ငယ်ငယ်ထဲက ပါးပါးနဲ့ ပြည်ပခရီးတွေအများကြီး ထွက်ဖူးပေမဲ့ အခုက ပထမဆုံး တစ်ယောက်တည်းလာရတဲ့ နိုင်ငံခြားခရီးစဉ်ဖြစ်နေတော့ စိတ်လှုပ်ရှားမိတာတော့ အမှန်ပဲ၊ဒါပေမဲ့လည်း ၂ နာရီလေယာဉ်ခရီးစဉ်ဟာ ရစ်ခီ အိပ်ရင်း၊ မုန့်စားရင်းနဲ့ ကုန်မှန်းမသိ ကုန်သွားတာပါပဲ၊ အခုတော့ ကျဲကျဲတို့ လာအကြိုကို စောင့်ရမှာပေါ့
📍Incheon International Airport
ပြောရင်းဆိုရင်းနဲ့ ရစ်ခီရဲ့ ကျဲကျဲအကြီးဆုံး (တကျဲကျဲ) ကို တွေ့ပါပြီ
"အားရှန့် စောင့်နေရတာ ကြာသွားပြီလား"
"မကြာသေးပါဘူး ကျဲကျဲရာ"
"တော်သေးပါပေါ့ အားရှန့်လေး ဗိုက်ဆာပြီလား အိမ်မှာလည်း မင်းရဲ့တူလေးတွေက သူတို့ကောကောကို မျှော်နေတာ"
"ဟုတ် ကျဲ ကျွန်တော်လည်း အမွှေစိန်လေးတွေကို မတွေ့ရတာနဲ့ လွမ်းနေပြီ"
"ဒါဆို အခုပဲသွားကြမယ် အားရှန့်ကြိုက်တဲ့ Don Katsu ကို ကျဲချက်ထားတယ်"
📍At Home
"ရှောင်ဖင်းကော် ရှောင်ရှင်းရှင်းရေ ဒီမှာ မင်းတို့ရဲ့ကောကော ရောက်လာပြီ"
"ရေး အားရှန့် အားရှန် ရှန်အိန်ဂျယ်လေး သားတို့က အများကြီးလွမ်းနေတာ"
"လာပါဦး အမွှေစိန်လေးတွေရဲ့ မင်းတို့ကိုလည်း ငါကလွမ်းနေတာကွ၊ ကြည့်ပါဦး ရှောင်ဖင်းကော် အရပ်ကြီးရှည်လာလိုက်တာ၊ ဘယ်နှစ်တန်းတောင် ရောက်ပြီလဲ"
"သားက အလယ်တန်း ဒုတိယနှစ် တက်ရတော့မှာ၊ ညီလေးက မူလတန်း ပထမနှစ်"
"ကဲ ကဲ နောက်မှအလွမ်းသယ်နေကြတော့ အားရှန့်
လည်း ပင်ပန်းလာမှာပေါ့ အရင်နားလိုက်ဦး၊ ကျဲကျဲ ညနေစာအဆင့်သင့်ဖြစ်မှ လာခေါလိုက်မယ်၊
ဖင်းကော် မင်းရဲ့ ကောကောကို အခန်းလိုက်ပြလိုက်ပါဦး""ဟုတ် မားမား၊ ဒါနဲ့ အစ်ကို ဂျောင်ဟွန်း စောနတုန်းက ဖုန်းဆက်သေးတယ်၊ သူ စာမေးပွဲကြောင့် ခွင့် ၁ ပတ်လောက်ယူချင်တဲ့အကြောင်း၊ မားမားကိုတော့ ပြောထားပြီးပြီတဲ့"
"အင်း ဟုတ်တယ် မားမား အလုပ်များတာနဲ့ မေ့နေတာ"
ကျဲကျဲတို့ ပြင်ဆင်ပေးထားတဲ့အခန်း ရောက်တော့ ရစ်ခီ တစ်ရေးတစ်မော အိပ်ဖို့သာ လုပ်လိုက်တော့
တယ်၊ ငယ်ငယ်တည်းက အရိပ်တကြည့်ကြည့်ပျိုးထောင်ခံလာရတော့ ရစ်ခီက ပင်ပန်းလွယ်တယ်၊ အားပြန်ဖြည့်ဖို့လည်း အချိန်ယူရတယ်၊