Chapter 20

2.3K 393 4
                                    

Unicode

စူးယိရန်သည် ကုယွမ်းထင်၏လှုပ်ရှားမှုသေးသေးလေးကိုသတိမထားမိချေ။ ဆန်ပြုတ်တစ်ပန်းကန်ခပ်ဖို့သာ ဟန်ပြင်လိုက်သည်။

" ဆန်ပြုတ်က အဆင်သင့်ဖြစ်နေပြီပဲ။စားရအောင်"

ကုယွမ်းထင်က သူ့လက်ထဲမှပန်းကန်ကိုယူလိုက်၏။

" သွားထိုင်နေ"

စူးယိရန် လိမ္မာစွာဖြင့်ထမင်းစားပွဲရှေ့တွင်ထိုင်၍စောင့်နေသည်။ ခဏအကြာ ကုယွမ်းထင် ဆန်ပြုတ်တစ်ခွက်သာခူးလာသည်ကိုတွေ့သော် အံ့အားတသင့်ဖြင့်

"ဘယ်လိုလုပ် တစ်ခွက်ထဲလဲ"

ကုယွမ်းထင်က ပန်းကန်ထဲရှိ ဆန်ပြုတ်ကိုဇွန်းဖြင့် မွှေနေလိုက်သည်။

"ပူနေသေးလို့"

သူ စူးယိရန်၏အနားတွင်ထိုင်၍ ဇွန်းဖြင့်တစ်ဇွန်းခပ်ကာ  အေးအောင်မှုတ်သည်။ နှုတ်ခမ်းဖြင့် အပူအအေးစမ်းကြည့်၍ မပူတော့သောအခါမှ စူးယိရန်ကို ခွံ့ကျွေးသည်။

စူးယိရန် တစ်လုတ်စားပြီးသော် မျက်နှာနီစွာဖြင့် ကုယွမ်းထင် လက်ထဲမှပန်းကန်ကိုလှမ်းယူလိုက်သည်။

"ကျွေးစရာမလိုပါဘူး ကျွန်တော်ကိုယ့်ဟာကိုစားလို့ရပါတယ်"

ထင်ကောက တအားပုံကြီးချဲ့လွန်းနေပါ၏။

ကုယွမ်းထင်က ရှောင်လိုက်၍ မျက်နှာတည်တည်ဖြင့် စူးယိရန်ကိုကြည့်လာသည်။

" ဇီဇာမကြောင်နဲ့လေကွာ ရန်ရန်"

စူးယိရန် :"........"

သူဘယ်မှာ ဇီဇာကြောင်နေတုန်း။ထင်ကောကသာ ပုံကြီးချဲ့နေမှန်း သိသာနေတာကို။ကိုယ့်ဟာကိုယ်တောင် မစောင့်ရှောက်နိုင်တဲ့ရောဂါသည်ကြီးနဲ့တူအောင် သူ့ကိုလုပ်နေတာလေ။

ထင်ကောဟာ ခုချိန်မှာ သူ့အား ဖန်ရုပ်ကလေးကဲ့သို့ ဆက်ဆံနေခြင်းပင်။

သို့သော်လည်း စူးယိရန်သည် ကုယွမ်းထင်၏ တလေးတနက်အမူအရာကိုကြည့်ပြီး နောက်ဆုံးတော့ မျက်နှာနီနီဖြင့်ပင် ဆန်ပြုတ်ခွံ့ကျွေးတာကို လက်ခံရတော့သည်။

ငါ့ယောက်ျားက သူ့ကိုယ်သူ သဝန်ပြန်တိုနေတယ် (ဘာသာပြန်)Where stories live. Discover now