Chapter 17 - Julien 16

2.7K 453 14
                                    

Unicode

တိုတောင်းစူးရှသည့်အသံက ကျယ်လောင်လွန်းသည့်အတွက် သူ့ရှေ့တွင် ထိုင်နေသည့် ဖေးတုပင် ကြားလိုက်ရသည်။ လော့ဝမ့်ကျိုးက ထိုဖုန်းနံပါတ်ကို ပြန်ခေါ်ပေမဲ့ ခေါ်မရတော့ပေ။

အသံတစ်သံထဲသာ ကြားလိုက်ရပေမဲ့ ထိုအသံက လိုင်စင်မဲ့တက္ကစီဆရာ ချန်ကျန်းဖြစ်မှန်း လော့ဝမ့်ကျိုး သိသည်။

ချန်ကျန်းမှာ ချန်ယွမ်ဖုန်းပြောနေသည်ကို ခိုးနားထောင်၍ ဝမ်ဟုန်လျန်ကို တိုင်ခဲ့ပေမဲ့ သူ့မှာ သက်သေပြစရာတစ်ခုမှ မရှိ။

ချန်ယွမ်ကိုယ်တိုင်က သူမသေပြီးသည့်အခါ တစ်ဦးထဲ ကျန်ခဲ့သည့် မောင်လေးအတွက် ပြဿနာဖြစ်မည်စိုး၍ ဘာမှ မပြောခဲ့သလို ဝမ်ဟုန်လျန်ကလဲ သူမကို သတ်ပြီးနောက် ပိုင်ဆိုင်သမျှ ပစ္စည်းအားလုံးကို မူးယစ်ဆန့်ကျင်ရေးဟု အမည်တပ်ကာ သိမ်းဆည်းခဲ့သည်။ နောက်ဆုံး ချန်ယွမ်တွင် ချန်ထားခဲ့သည်က ဓာတ်ပုံအယ်ဘမ်အဟောင်းတစ်ခုသာ ဖြစ်၏။

သူတို့နောက်ဆုံးတွေ့ခဲ့စဥ်က ထိုလူငယ်လေး၏ မကျေနပ်မှုကို လော့ဝမ့်ကျိုး သေချာပေါက် ခံစားမိသည့်အတွက် သူ သတိထားကာပြောခဲ့သေးသည်။
" တခြားသူတွေကို မပြောနဲ့ဦး.. ငါတို့မှာ သက်သေမရှိသေးဘူး.. မင်းတစ်ယောက်ထဲလဲ သက်သေလိုက်မရှာနဲ့.. တကယ်လို့ တစ်ခုခုသိရရင် ငါ့ကိုချက်ချင်းဖုန်းဆက်.. မင်းကိုယ်မင်း အန္တရာယ်အဖြစ်ခံပြီး သက်သေရှာမယ်ဆိုရင်တောင် အသုံးဝင်ချင်မှ ဝင်မှာ .. သက်သေအဖြစ် သုံးလို့မရနိုင်တာလဲ ရှိတာမို့လို့"

လော့ဝမ့်ကျိုးက စကားကိုရှင်းလင်းအောင် ပြောခဲ့သည်ဟု ထင်သည်။ ချန်ကျန်းကို ဒုက္ခတွင်းထဲ မရောက်အောင် သူ တမင်ဖယ်ထုတ်ခဲ့ခြင်းဖြစ်၏။ သို့သော် တစ်ရက်ပင် မပြည့်သေးသည့် အချိန်လေးတွင် ဒုက္ခတောထဲ ဘယ်လိုတောင် ရောက်သွားရတာလဲ...

ရုတ်တရက် လော့ဝမ့်ကျိုးက ခွာလက်စ ပုစွန်ပန်းကန်ကို ဖေးတုရှေ့တွင် ချပေးလိုက်သည်။
" တစ်ယောက်ထဲပဲ ဆက်စားလိုက်တော့.. စားပြီးရင်တော့ ပန်းကန်တွေ ဟိုနားမှာ သွားထားပေးဦးနော်.. ငါ လုပ်စရာရှိလို့ အခု သွားမှရမှာ"

တိတ်တဆိတ် မြတ်နိုးရသော ( မြန်မာဘာသာပြန်) - CompletedWhere stories live. Discover now