Chapter 155- Edmond Dantés 26

2K 382 119
                                    

Unicode

" အခု ဘာဖြစ်လို့တဲ့လဲ"
လော့ဝမ့်ကျိုး ကျောပြင်တွင် ချွေးများစိုရွှဲလာသည်။
" နေ.. နေပါဦး... မင်း ဘယ်သွားမလို့လဲ"

" အင်္ကျီလဲမလို့လေ"
ဖေးတုက သူ့ကိုကျောခိုင်း၍ ဒုတိယထပ်သို့ တက်သွား၏။

လော့ဝမ့်ကျိုးမှာ အဆိုပါစကားလုံးများ၏ ရိုက်ခတ်မှုကြောင့် မျက်လုံးများ အရောင်မှိန်ကျသွားသည်။ ဖေးတုအနောက်မှ သူ လိုက်မသွားနိုင်ခင် အသံပိတ်ထားသော ဖုန်းထဲမှ အချက်ပြမီးလင်းလာသည်ကို တွေ့လိုက်ရသည်။

" ဝမ့်ကျိုး.. ငါပါ"
ပထမဆုံး သူ့ကို ဆက်သွယ်၍ ရခဲ့သူက ထောက်ရန်ဖြစ်၏။ ထောက်ရန်က ချက်ချင်း ​ပြန်ပြောသည်။
" ရှစ်နျန်ကို အခုထိ အရေးပေါ်ကုသမှု ပေးထားရတုန်းပဲ.. ဒါပေမဲ့ စုံစမ်းရေးအဖွဲ့ကလူတွေ ရောက်လာကြတယ်.. ဘာတွေဖြစ်နေတာလဲ.. ယန်ရှင်းကရော ဘာဖြစ်သွားတာလဲ..  သူ့သတင်း ရသေးလား"

" ငါ.."
လော့ဝမ့်ကျိုး ပါးစပ်ဟရုံရှိသေး နောက်ထပ်ဖုန်းဝင်နေသော အချက်ပြမီး ပေါ်လာပြန်သည်။ ဖုန်းခေါ်သူအမည်က လန်ချောင်းဖြစ်နေသည့်အတွက် ထောက်ရန်ကို ပြန်ပြောလိုက်သည်။
" ခဏနော်..  ဟဲလို ရှောင်ချောင်း"

" ဘုရားရေ... အခုမှပဲ ဆရာဖုန်းကိုင်တော့တယ်"
လန်ချောင်းက တုန်ယင်စွာနှင့် ပြောလာသည်။
" မျက်မှန်လေးက ဆရာနဲ့ အဆက်အသွယ်မရဘူးပြောလို့လေ.. ဆရာ့ကို အရေးကြီးစကားပြောစရာရှိလို့.. မှတ်ပုံတင်အတုနဲ့ လူတွေကို ကျွန်မတို့ အကြမ်းဖျင်း သတ်မှတ်လို့ရပြီ . သူတို့တွေအားလုံးက Picture Album ပရောဂျက်ရဲ့ မပြီးပြတ်သေးတဲ့အမှုတွေထဲက နစ်နာသူတွေရဲ့ ဆွေမျိုးသားချင်းတွေပါ... ပြီး.. ပြီးတော့ အခုပဲ ဒါရိုက်တာချန်းကို ဖမ်းသွားကြတယ်.. CCTV တပ်ဆင်တဲ့ကုမ္ပဏီက ပြဿနာရှိနေလို့တဲ့... သူတို့ပြောတာက ဒါရိုက်တာချန်းက အတည်ပြုပေးထားလို့တဲ့... ပြီးတော့ သူတို့က ကျွန်မကို လက်ရှိစုံစမ်းရေးအကြောင်း အသေးစိတ် တင်ပြချက်ရေးရမယ်တဲ့.. ဆရာ ကျွန်မ ဘယ်လိုရေးရမှာလဲ"

" ကိစ္စမရှိဘူး.. မကြောက်နဲ့"
လော့ဝမ့်ကျိုးက ဖြည်းဖြည်းချင်း အသက်ပြင်းပြင်းရှူလိုက်သည်။
" ငါ ပြန်လာတဲ့အထိ စောင့်နေ.. မင်း ဘာရေးရမယ်ဆိုတာ ငါ ပြော...."

တိတ်တဆိတ် မြတ်နိုးရသော ( မြန်မာဘာသာပြန်) - CompletedKde žijí příběhy. Začni objevovat