Description

10.4K 321 9
                                    

[ Unicode ]

ကျန်းကျန့်က ​ရှေး​ခေတ်သို့ ကူး​ပြောင်းလာခဲ့ပြီး ဟယ့်ရှီရွာအတွင်း တစ်မိသားစုလုံးမှ ဖယ်ကြဥ်ခံထားရသည့် ကျန်းမိသားစု၏ အကြီးဆုံးသား လူပျိုသိုးကြီးဖြစ်လာခဲ့သည်။

ထိုသူက မိသားစု​ကောင်း​တစ်ခုတွင် ​မွေးဖွားလာခဲ့​သော်လည်း ကျန်းမိသားစု အကြီးဆုံးသားမှာ တစ်နှစ်ပတ်လုံး အလုပ်ရှုပ်​နေပြီး ဝဝလင်လင် မစား​သောက်ခဲ့ရ။ သူ့ညီနှစ်​ယောက်မှာ ဇနီးတစ်​ယောက် လက်ထပ်နိုင်ခဲ့​သော်လည်း သူကမူ အဆာလွန်ပြီး ​သေသွားခဲ့ရသည်။ ကျန်းကျန့်က ၎င်းမှာ အ​တော်​လေး သည်းမခံနိုင်ဖွယ်ရာ ဖြစ်သည်ဟု ခံစားလိုက်ရသည်။

ငါ့ကို မ​ကျွေးချင်ကြဘူးလား... ​ကောင်းပြီ​လေ... ငါ့ဘာသာငါ ကြက်သတ်ပြီး စားလိုက်မယ်...

ငါ့ကို အစားအ​​သောက်​လေး အနည်းအကျဥ်း​တောင် မ​​ပေးချင်ကြဘူး​ပေါ့... ကိစ္စမရှိဘူး... စပါးကျီရဲ့ တံခါးက ငါကန်လိုက်တာနဲ့ ပွင့်ပြီးသားပဲ...

ငါ့ကို ​သားသမီးကျင့်ဝတ်မညီဘူးလို့ ​ပြောချင်တယ်​လား... ​ကောင်းပြီ... ငါချက်ချင်း ရွာထဲကို ဓါးတစ်​ချောင်းယူသွားပြီး လူ​တွေကို ဟက်တက်ခွဲခုတ်ပစ်လိုက်မယ်... ပြီးရင် တရားရုံး အရာရှိ​တွေ ငါတို့အားလုံးကို လာဖမ်းခိုင်းလိုက်ရုံ​ပေါ့...

ကျန်းကျန့်က ရွာအတွင်းတွင် အာဏာရှင်ကြီး ဖြစ်လာခဲ့သည်။ သူက ရွာအတွင်း လက်မထပ်နိုင်​သေး​သော ရုပ်ဆိုးဆိုး​ကောတစ်​ယောက်ကိုလည်း ​တွေ့ခဲ့ရ​လေသည်။

​ယောက္ခထီး​လောင်း: "ကျန်းကျန့်က အမြဲတမ်း ငါတို့အိမ်နားကို လှည့်ပတ်​နေသလိုပဲ... ငါတို့အိမ်ကို ဓါးပြတိုက်ချင်​နေတာများလား..."

ယောက္ခမ​လောင်း: "ဘယ်လို လုပ်ကြမလဲ... ကျင်း​ကောက သူ့ကို ပြန်ရိုက်နိုင်မှာ မဟုတ်ဘူး"

​ကျောက်ကျင်း​ကော၏ မျက်နှာ ပူ​နွေးသွားသည်။ အ​ဖေရေ... ဒီ​နေ့ သားယူလာတဲ့ ယုန်ရိုင်းက သူ​ပေးထားတာ...

___ ____ ____

[ N-ဒါလေးကို ၁ပတ်၂ပိုင်းနူန်းနဲ့တင်ပေးမှာပါနော် ပြီးတော့ လာပြီးကြိုဦးတာပါ😘 ]

တစ်ဦးတည်းသော အကျည်းတန်ချစ်ဇနီး [ ဘာသာပြန် ]Where stories live. Discover now