1046 - 1050

222 24 0
                                    

ထာဝရနဂါးတန်ခိုးရှင် ( လုမင် )
မူရင်း စာရေးဆရာ - Mu Tong Ting Zhu၊ 牧童听竹
ဘာသာပြန်သူ      - ထာဝရ
အပိုင်း ( 1046 ) ပိတ်မိခြင်း။

"ဒီနေ့ မင်းထွက်သွားလို့မရဘူး။ ဒီမှာနေ"
ကျိုးဘိုးဘေးက အသံကျယ်ကျယ်ဖြင့် ဟိန်းဟောက်လိုက်သည်။ သူ့ထံမှ အရှိန်အဝါများက ကောင်းကင်သို့ ထိုးတက်သွားကာ မိုးနှင့်မြေ တုန်ခါသွား၏။

၎င်းက တောင်တစ်လုံးကဲ့သို့ ကြီးမားသော လက်ဝါးကြီးဖြင့် လုမင်၏ ဆုတ်ခွာလမ်းကို ပိတ်ဆို့လိုက်သည်။ လက်ဝါးကြီးက နဝမနဂါးကို ရိုက်ချသည်။

လုမင်လည်း အင်အားအပြည့်သုံးကာ ပေါက်ကွဲလိုက်၏။ နဂါးခုနစ်ကောင် စွမ်းအားနှင့် တာအိုငါးမျိုး ပေါက်ကွဲထွက်ပေါ်လာတော့သည်။ အတားအဆီးမဲ့သော ကောင်းကင်သိုင်းကလည်း အားကောင်းစွာ ထွက်ပေါ်လာခဲ့သည်။

လုမင်က သူ၏ အထွတ်အထိပ် တိုက်ခိုက်မှုကို ထုတ်ဖော်လိုက်သည်။

"ဝုန်း"
ကျိုးဘိုးဘေး ဖန်ဆင်းထားသော ဧရာမ လက်ဝါးကြီးသည် အမှန်တကယ်ပင် အနည်းငယ် တုန်လှုပ်သွား၏။

ကျိုးဘိုးဘေးလည်း မျက်နှာအမူရာ လေးနက်သွားကာ သက်ပြင်းချ၍ ပြောလိုက်သည်။
"ပြီးပြည့်စုံတဲ့ ဝိညာဉ်သန္ဓေသားနယ်ပယ်နဲ့ ဒီလောက်ထိ အစွမ်းထက်တယ်။  တကယ်ကို ကြောက်စရာကောင်းတာပဲ။ ဘာပဲဖြစ်ဖြစ် ဒီကောင်လေးကို စော်ကားပြီးပြီမို့ အသက်ရှင်ခွင့် ပေးလို့မရတော့ဘူး"

ကျိုးခေါင်းဆောင်နှင့် အခြား အဘိုးကြီးတစ်ဦးလည်း အံ့အားသင့်သွားသည်။ အဆင့်လေး ဝိညာဉ်နတ်ဘုရားနယ်ပယ်မှ ကျိုးဘိုးဘေးကိုပင် သက်ပြင်းချစေနိုင်ခြင်းမှာ တကယ့်ကို တုန်လှုပ်စရာပင်။

"ဝုန်း"
ကျိုးဘိုးဘေး၏ အရှိန်အဝါက ပိုအားကောင်းလာပြီး လက်ဝါးရိုက်ချက်များ ထုတ်ဖော်လိုက်သည်။

"ဒုန်း ဒုန်း"
ပေါက်ကွဲသံများ ဆက်တိုက်ထွက်ပေါ်လာကာ နဝမနဂါး ပြိုကျသွား၏။ လုမင်၏ရုပ်သွင်က ပြန်ပေါ်လာကာ မြေပေါ်ကို ပြုတ်ကျသွားပြီး သွေးများ အန်ထွက်လာတော့သည်။

ကျိုးဘိုးဘေးက တကယ်ကို သန်မာလွန်းလှသည်။ သူ အစွမ်းကုန် ကြိုးစားလျှင်ပင် လွတ်မြောက်နိုင်တော့မည် မဟုတ်ချေ။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) Book 2 (  ch 986 -   )ခွင့်ပြုချက်ရပြီးWhere stories live. Discover now