1371 - 1375

97 12 0
                                    

အပိုင်း ( 1371 ) ပြတ်ပြတ်သားသား သတ်ဖြတ်ခြင်း။

"မင်း သေချင်နေတာပဲ"
အစိမ်းရောင်ဆံပင်နှင့် သက်လတ်ပိုင်း အမျိုးသား၏ မျက်နှာက မည်းမှောင်သွားကာ အော်လိုက်သည်။

"လူတိုင်း မြင်တဲ့အတိုင်းပဲ၊ လုမင်က ကျန်းဟိုင်အိမ်တော်ရဲ့ ရန်သူဖြစ်နေပြီ။  ငါ့အကိုကြီးရဲ့ သားနှစ်ယောက်လည်း လုမင်လက်ထဲမှာပဲ သေဆုံးသွားရတာ၊ ဒါကြောင့် လုမင်ကို ငါတို့ ဖမ်းသွားရလိမ့်မယ်"
အစိမ်းရောင်ဆံပင်နှင့် သက်လတ်ပိုင်း အမျိုးသားက လူအုပ်ကို ဝေ့ကြည့်ပြီး ပြောလိုက်သည်။

သူဟာ အခြားတိုက်ကြီးများမှ ကျွမ်းကျင်သူများကို စိုးရိမ်နေခြင်း ဖြစ်၏။ လုမင်ကိုတော့ လုံးဝ ဂရုမစိုက်ပေ။

"မင်း လုမင်ကိုလိုချင်ရင် ကန့်ကွက်စရာ မရှိပါဘူး။ ဒါပေမဲ့ ဟွင်းယွမ်တံဆိပ်ပြားကို ချန်ထားခဲ့ရမယ်"

"မှန်တယ်၊ သူ့ကိုခေါ်သွားပြီး ဟွင်းယွမ်တံဆိပ်ပြားကို ထားခဲ့လိုက်"

အခြား သိုင်းအုပ်ချုပ်သူများက ပြောလိုက်သည်။

"ဟမ့်"
အစိမ်းရောင်ဆံပင်နှင့် သက်လတ်ပိုင်း အမျိုးသားက နှာခေါင်းရှုံ့လိုက်၏။

သူက လုမင်ကို သတ်ချင်သော်လည်း သူ၏အဓိကပစ်မှတ်က ဟွင်းယွမ်တံဆိပ်ပြား ဖြစ်သည်။

"အပိုစကားတွေ ပြောလို့ဝပြီလား"
လုမင်က မတ်တပ်ထရပ်လိုက်သည်။ သူ့ထံမှ အေးစက်စက် သတ်ဖြတ်ချင်စိတ်များ ပေါ်လာခဲ့၏။
“ဒီနေရာကို ဘာကြောင့် လော့ဟွမ်းတောင်လို့ ခေါ်တာလဲသိလား”

လူအုပ်ကြီးက စကားမပြောဘဲ လုမင်ကို ပြန်ကြည့်ကြသည်။

"အဲဒါက ဧကရာဇ်တွေ ဒီနေရာကို ကျဆုံးခဲ့ဖူးလို့ပဲ။ အဲဒါကြောင့်ပဲ ဒီနေရာကို မင်းတို့ရဲ့ သင်္ချိုင်းမြေအဖြစ် ငါရွေးချယ်ခဲ့တာ"
လုမင်၏ အေးစက်သော အသံက နေရာအနှံ့ ပျံ့နှံ့သွားသည်။

"ဘာ၊ မောက်မာလိုက်တာ"

"မင်းက ငါတို့ကို သတ်ချင်နေတာလား။ ရယ်စရာကောင်းလိုက်တာ"

"ဘာမှမလုပ်နဲ့၊ ငါသူ့ကို အရင်သတ်လိုက်တော့မယ်"

လုမင်၏ စကားကိုကြားတော့ အခြား သိုင်းအုပ်ချုပ်သူများ ရှူးရှူးရှားရှား ဖြစ်သွားသည်။

ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) Book 2 (  ch 986 -   )ခွင့်ပြုချက်ရပြီးWhere stories live. Discover now