6 - 10

794 82 2
                                    

Unicode

အခန်း ၆
ဆိုင်ရှင်... ထမင်းကြော် ၁၀ပွဲပေးပါ

နောက်တစ်နေ့မနက်ခင်း။

မျက်နှာကာ၀တ်ဆင်ထားတဲ့ ရှောင်ယန်ယုနှင့် ရှောင်ရှောင်လုံတို့ကစံအိမ်ကနေထွက်ခွာလာခဲ့သည်။ သူတို့၏စံအိမ် ကမြို့အတွင်းတွင်တည်ရှိသောကြောင့် စံအိမ်အပြင်သို့ ထွက်လိုက်တဲ့ ခဏမှာပဲ ဆူညံသံတွေကြားလိုက်ရသည်။

အပြင်ဘက်မှာဆူညံနေပေမဲ့ စံအိမ်ထဲတွင်တိတ်ဆိတ်နေသည်မှာ  ဗိသုကာပညာရှင်တွေ စံအိမ်ကိုတည်ဆောက်ထဲက မှော်စွမ်းအင်အသုံးပြုပြီးအပြင်ဘက်ကလာတဲ့ အသံတွေမ၀င်နိုင်အောင်စံအိမ်ကို ကာစီးထားသောကြောင့်ဖြစ်သည်။

ရှောင်ယန်ယု၏ အလှကယောက်က်ျားသားများကိုဆွဲဆောင်နိုင်လွန်းတာကြောင့် သူမအပြင်ထွက်သည်မှာ ကြုံထောင့်ကြုံခဲကိစ္စဖြစ်၏။
တစ်ခါက သူမမျက်နှာကာမ၀တ်ပဲ မြို့တွင်းသို့ထွက်သွားလိုက်မိချိန်
အင်ပါယာမြို့တော်တွင်းမှ  သူဌေးသား လူ့ပေါ်ကြော့ ငရှုပ်တွေက သူမ၏ အလှကြောင့် အချင်းချင်းခိုက်ရန်ဖြစ်ပွားကြပြီး လမ်းပေါ်တွင် လူများပြည့်ကြပ်သွားဖူးသည်။

ရှောင်မောင်နှမလဲ စံအိမ်ကနေထွက်ခွာလာပြီးနောက် လူရှုပ်ထွေးရာ လမ်းပေါ် လျှာက်သွားလိုက်သည် ။ လမ်း၏ တစ်ဖက်တစ်ချက်တွင် စျေးဆိုင်ငယ်များနှင့်ပြည့်နေပြီး ချက်ပြုတ်ရာမှ ထွက်ပေါ်လာသောအနံ့များကလဲ လေထဲမှာ လွင့်ပျံနေသည်။

လမ်းဘေးဆိုင်တွေမှာ ချက်ပြုတ်ရောင်းချတဲ့ အစားစာတွေက အရည်အသွေးညံ့တဲ့ပစ္စည်းတွေ အသုံးပြုပြီး တစ်ခါတစ်လေမှာ အဆ်ိပ်အတောက်မကင်းတဲ့ အစားစားတွေပါတတ်တာကြောင့် ရှောင်ရှောင်လုံနဲ့ ရှောင်ယန်ယုတ်ို့လို သိုင်းသမားတွေ က ထိုအစားစာကိုဘယ်တော့မှမစားကြပေ။

သိုင်းသမားတွေအတွက်အရေးကြီးဆုံးအချက်မှာ သူတုိ့ ခန္ဓာကိုယ်အတွင်းသန့်ရှင်းစင်ကြယ်နေဖို့နှင့် ကိုယ်အတွင်းရှိအညစ်အကြေးတွေကို ဖယ်ရှားနိုင်ဖို့ပဲဖြစ်၏ ။

ထို့ကြောင့်...
အစားအသောက်အရည်အသွေးကို အရမ်းဂရုစိုက်ကြသည် ။
ဒီလိုမျို း အရည်အသွေးနိမ့်အစားစားများကိုမစားကြပေ။

အချက်အပြုတ်နတ်ဘုရား ( ပုဖန် ) Book 1 ( Ch 1 - 995 )(ခွင့်ပြုချက်ရပြီး)Where stories live. Discover now