ဂျောင်ဂုတစ်ယောက် အဖေမွေးနေ့လက်ဆောင်ပေးထားတဲ့ ပြိုင်ဘီးလေးကိုစီးရင် ကျောင်းဘက်သို့ဦးတည်ကာသွားလိုက်သည်။ကျောင်းတက်ဖို့တော့မဟုတ် ရန်ပွဲချိန်းထားလို့ဖြစ်သည်။ဖြစ်သလိုညှပ်ထားတဲ့ ဆံပင်ကို တစ်ချက်လက်နဲ့သပ်ကာ ပီကေကို တစ်ဖောက်ဖောက်,ဖောက်ကာ ရပ်ကွက်လမ်းအတိုင်း အမြန်နင်းလာလိုက်သည်။လေထဲမှာ တလွင့်လွင့်ဖြစ်နေတဲ့ သူ့ကျောင်းအင်္ကျီအဖြူလေးက အမေမနေ့က ဝယ်ပေးထားတာဖြစ်သည်။
ရန်သွားဖြစ်တာ ဘာလို့အင်္ကျီအသစ်ဝတ်သွားလဲဆိုရင် ကံကောင်းအောင်လို့ ဖြစ်သည်။အင်္ကျီအသစ်၊ဆံပင်ကေအသစ်နဲ့ဆိုတော့ လူနည်းနည်းရှိန်တာပေါ့။ဘာမှတော့မဟုတ်ဘူး ဆောင့်ကြွားဆောင့်ကြွားလုပ်ချင်နေတဲ့အုပ်စုကို ပညာပေးချင်လို့ဖြစ်သည်။ရန်ငြိုးမရှိပေမဲ့ တမင်စောက်မြင်ကပ်လို့ကို ချိန်းပြီးချတာ။
ရန်ဖြစ်ချင်ရင် ဖြစ်လိုက်မယ်။စောက်မြင်ကပ်ပြီး ကြည့်မရတဲ့ကောင်တွေဆိုရင် ပေါ်တင်ရိုက်ပစ်တယ်။ဆရာမအချစ်တော်တွေဆိုရင် ဘယ်ဘဝကရေစက်မယ်မသိပေမဲ့ အနောက်ကနေ ရိုက်လိုက်ရမှကိုကျေနပ်တာ။စာတော်တယ်ဆိုပြီး ဆရာမနားကပ်ဖားရပ်ဖားလုပ်နေတဲ့စောက်ပေါတွေ။
ကျွီ~ဒုန်း!
စက်ဘီးကို စလစ်ရိုက်ကာ ဓာတ်တိုင်နဲ့ပစ်လိုက်ကာ လူကတော့ ခေါင်းကုတ်ကာ အရှေ့ကကောင်တွေကို တစ်ချက်ကြည့်ပေးလိုက်သည်။အီမိုလိုလိုမျက်လုံးကို eye liner အနက်ဆွဲထားတဲ့အကောင်က သူ့ကိုကြည့်ကာ လည်ပင်းပြတ်တဲ့ဒီဇိုင်းလုပ်ပြသည်။ဝါကြောင်ကြောင်ဆံပင်နဲ့ကောင်ကလည်း စုပ်လုံးကို ငုံ့ကာ တကျစ်ကျစ်လုပ်သည်။
"ကင်မ်ထယ်ယောင်း!!!!ကျောင်းမသွားပဲ အဲ့မှာအလေလိုက်ဖို့လုပ်မနေနဲ့!!"
ရန်ပွဲတောင် မစ,လိုက်ရပဲ လမ်းကြားထိပ်က လှမ်းအော်တဲ့အကောင်သေးသေးလေးကြောင့် ဝါကြောင်ကြောင်ဆံပင်နဲ့ကောင်က စုပ်လုံးကို ချက်ချင်းပစ်ချကာ လမ်းကြားထိပ်ဆီ ခြေလှမ်းသွက်သွက်နဲ့လျှောက်သွားသည်။
"ပတ်ဂျီမင်!!!မင်းကရော မလာဘူးလား!!"
"လာပြီးလို့!!ဟျောင့်နောက်မှာတွေ့မှ!"
YOU ARE READING
war of hormones (Two Short)✔️✔️
Fanfiction၁၈နှစ်ပြည့်ပြီးပြီမို့ ကျွန်တော်လိုချင်တာ ကျွန်တော်သိပြီး