war of hormones -final

1.5K 164 22
                                    

ရွှီးးးး

"လှလိုက်တာဗျာ!!!!အစ်ကို့ကိုမှမရရင် ရူးတော့မယ်ဗျို့!!"

ခြံရှေ့လာအော်နေတဲ့ကောင်လေးကြောင့် ဘေးအိမ်တွေကလည်း ကိုယ့်ကိုဆို စပ်စုစိန်မျက်ဝန်းတွေနဲ့လာ,လာကြည့်တက်သည်။အိမ်က ညီတော်နှစ်ယောက်ကလည်း ထွက်ရိုက်မယ်ချည်းပဲပြောနေလို့ သူတို့နှစ်ယောက်ကို ကိုယ်ကဆွဲနေရသေးသည်။တစ်ခန်းထဲတစ်တန်းထဲ တက်ပြီးတော့ ဖြစ်သမျှရန်ပွဲတွေဆိုတာ မနည်းမနောပင်ဖြစ်သည်။ဟိုကောင်လေးကလည်း နှစ်ယောက်နဲ့တစ်ယောက်ကို အနိုင်ရအောင်ချသည်။

ဖြစ်လိုက်တိုင်း သူမသာ ကိုယ်မသာတွေမို့ သုံးယောက်စလုံးကို ကျောင်းအုပ်ရုံးခန်းသွားတွေ့တိုင်း အထိခိုက်အနာတရဆိုတာ နည်းတာမဟုတ်ပေ။ဒီကြားထဲ ဟိုနှစ်ကောင်ကလည်း ကိုယ့်နာမည်မို့ နည်းနည်းလေးပါပြီးဆိုရင် ရန်ပွဲဖြစ်လိုက်ရမှာကျေနပ်သည်။

"အစ်ကိုရေ!!!ဘောင်းဘီအတိုလေးတွေ ထပ်ဝတ်အုံးပါဗျို့!!!ယဉ်ကျေးမှုအမွေအနှစ်လေးကို ငေးကြည့်ချင်လို့!!!"

တကယ်ပါရှက်စရာကောင်းလောက်အောင် ဘာတွေလာအော်နေမှန်းကိုမသိဘူး။ဟိုနှစ်ကောင်ကလည်း အိမ်ထောင့်က ဘေ့စ်ဘောတုတ်တွေကို ခဏခဏဆွဲပြီးထွက်ရိုက်မယ် တကဲကဲနဲ့ သူသာရူးလိုက်ချင်တော့သည်။တခါလောက်ပဲ အုပ်ထိန်းသူနေရာမှာ ခံဝန်ထိုးပေးလိုက်မိပါတယ်။အခုတော့ သူ့မှာ ကပ်ပါးကောင် အကပ်ခံလိုက်ရသလို ဘယ်သွားသွား ထိုကောင်လေး လက်အောင်ကနေကို မလွတ်တော့ပါ။

"တောက်ခ်!!အဲ့ကောင် သက်သက် လာစနေတာ!!အစ်ကိုဂျင် ဖယ်ဗျာ!!
ကျွန်တော်တိူ့ သွားရိုက်ရမှကို ကျေနပ်မှာ!"

"ဟုတ်တယ်!!အရှေ့ကဖယ်ဗျာ!!ဒီကောင် ခေါင်းကောင်းလို့ တုတ်တောင်နေတာ ကျွန်တော်သွားရိုက်မယ်"

ဂျီမင်က ပြောပြောဆိုဆိုနဲ့နဲ့ တုတ်ဆွဲကာ ခြံထဲအပြေးဆင်းသွားတော့သည်။ဂျီမင်က အရှေ့ကသွားတော့ ထယ်ယောင်းကပါ သူဆွဲထားတဲ့ကြားထဲကနေ တွန်းထုတ်ကာ အပြေးတပိုင်းသွားတော့သည်။နှစ်ယောက်စလုံး ထွက်သွားပြီးမကြာလိုက်ပါဘူး...ရိုက်သံတွေ ဆူညံသွားတော့သည်။

war of hormones (Two Short)✔️✔️Where stories live. Discover now