21

107 2 0
                                    

🍃ကိုကို သိပါစေ🍃

အခန်း (၂၁)

မိုးသား မနက်စာစားရန် အောက်ထပ်သို့ဆင်းလာသောအခါ ဧည့်ခန်းထဲတွင် မေမေအပြင် မေမေသင်းကိုပါ တွေ့လိုက်ရသဖြင့် အူကြောင်ကြောင် ဖြစ်သွားသည် … ။ ထို့ကြောင့် မေမေ့ဘေးတွင်ဝင်ထိုင်လိုက်ပြီး မေမေသင်းကို

" မေမေသင်း … အစောကြီးပါလား … ဘာဖြစ်လို့လဲ "

ဟု မေးလိုက်သည် … ။ ဤမေးခွန်းဆုံးသောအခါ မေမေကပြုံး၍

" သားနဲ့သမီးရဲ့ မင်္ဂလာကိစ္စလာဆွေးနွေးတာလေ "

ဟု ပြန်ဖြေသည် … ။ မင်္ဂလာကိစ္စ ဟူသော စကားကြောင့် နွေ့မျက်နှာကို ဖြတ်ကနဲမြင်ယောင်မိသွားကာ

" ကိုကိုက သားကိုလက်ထပ်မှာမဟုတ်ဘူး မေမေ "

ဟု ပြောလိုက်သည် … ။ မိမိ၏စကားကြောင့် မေမေသင်းနှင့်မေမေ နှစ်ယောက်စလုံးက မျက်လုံးပြူး၍

" ဘယ်လို သမီး "

ဟု မေးသည် … ။ မိုးတိမ်နှင့်နွေ့အကြောင်းကို ထုတ်ပြောရန်စိတ်ကူးမရှိသော်လည်း ဤအတိုင်းဆက်သွားလျှင် အကုန်လုံးတလဲွဲဖြစ်ကုန်မည်စိုးသောကြောင့် မေမေသင်းကို အားနာစွာကြည့်လိုက်ပြီး

" ကိုကို့မှာချစ်သူရှိတယ် မေမေသင်း "

ဟု ပြောလိုက်သည် … ။ ဆက်၍

" အဲ့ဒီအစ်မနာမည် နွေမာယာတဲ့ … ကိုကို့ကို ချစ်လည်းချစ်ပေးပြီး ဂရုလဲစိုက်ပေးပါတယ် "

ဟု ပြောလိုက်သည် … ။ ထိုအခါမှ မေမေသင်းက မိမိကို အားနာဟန်ဖြင့် လှမ်းကြည့်ကာ

" သမီးလေး "

ဟု ခေါ်သည် … ။ ထို့ကြောင့် မေမေသင်းကို ပြုံးပြလိုက်ပြီး

" သားကြောင့် ကိုကိုသူ့ချစ်သူနဲ့ခွဲရရင် သားစိတ်ကောင်းနိုင်မှာမဟုတ်ဘူး မေမေသင်း … လက်ထပ်တယ်ဆိုတာတစ်ယောက်နဲ့တစ်ယောက် ချစ်ဖို့လည်းလိုသေးတယ်မဟုတ်လား … သားကကိုကို့ကိုချစ်ပေမဲ့ ကိုကိုက သားကိုချစ်မှမချစ်တာမေမေသင်း ရယ် … ဒီအတိုင်း ကိုကို့ညီမလေးလုပ်နေရတာပဲကောင်းပါတယ် … အတင်းအကြပ်လုပ်တဲ့ လက်ထပ်ပွဲကြောင့် ကိုကိုသားကိုမုန်းသွားမှာ စိုးရိမ်တယ် "

ကိုကို သိပါစေ (Mini story)Where stories live. Discover now