8)

4 0 0
                                    

ကိုကို သိပါစေ

အခန်း (၈)

မိုးသား အိမ်ထဲဝင်လာသောအခါ ဧည့်ခန်းထဲတွင် မေမေ့ကိုတွေ့ရသည် ။

ယနေ့တစ်နေ့လုံး ဆိုင်တွင်အော်ဒါကိစ္စများနှင့် အလုပ်ရှုပ်ခဲ့ရသဖြင့် အိမ်ပြန်ရောက်သောအခါ တန်းအိပ်တော့မည်ဟုတွေးကာ ပြန်လာခဲ့သော်လည်း ဧည့်ခန်းထဲတွင်မေမေ့ကိုတွေ့သောအခါ အခြေအနေက ပြောင်းလဲသွားသည် ။ မေမေက မိမိမဟုတ်တာမလုပ်ဟု ယုံကြည်သောကြောင့် မိမိကို မည်သည့်အချိန်မှ အိမ်ပြန်လာသည်ဖြစ်စေ စစ်ဆေးမေးမြန်းခြင်းမလုပ် ။ ကိစ္စတစ်ခုခု ပြောစရာရှိမှသာ စောင့်နေတတ်သည် ။ ထို့ကြောင့် အပေါ်ထပ်သို့ မတက်သေးပဲ မေမေ့ဆီသို့ လျှောက်သွားလိုက်ကာ

" မား  ဘာပြောစရာရှိလို့လဲ "

ဟု မေးလိုက်သည် ။ ဤမေးခွန်းကိုကြားသောအခါ မေမေကပြုံးပြီး မိမိဆံပင်များကို သပ်တင်ပေးသည် ။ ထို့နောက်

" မိုးသား  သမီးအခု ဆယ်တန်းလဲအောင်ပြီဆိုတော့ မေမေတို့ သမီးကိုအိမ်ထောင်ချပေးမလို့ "

ဟု ပြောသည် ။ မေမေ့စကားကြောင့် မျက်ခုံးနှစ်ဖက်စလုံး မြင့်တက်သွားရကာ

" ဘယ်သူနဲ့လဲ "

ဟူသော မေးခွန်းကို မေးလိုက် မိသည် ။

" သားမိုးတိမ်နဲ့ "

ဟူသော အဖြေစကားကြောင့် ရင်ခုန်မိသွားသော်လည်း နွေနှင့်တွေ့လျှင် နွေ့ကိုမြတ်နိုးစွာဖြင့် ငေးကြည့်တတ်သော မိုးတိမ်၏မျက်နှာကို မြင်ယောင်မိသည် ။

သို့သောွ ... မေမေ့ကိုမူ

" တခြားလူမဟုတ်ပဲ ကိုကိုဆိုတော့ သားငြင်းစရာမရှိဘူး မား  ဒါပေမဲ့ ... ဒီကိစ္စကို ကိုကိုသဘောမတူဘူး ၊ လက် မခံနိုင်ဘူးဆိုရင် အတင်းအကြပ်မလုပ်ဖို့ သား ကိုကတိပေးပါ မား "

ဟူ၍သာ ပြောလိုက်သည်  ။

            

မိမိအရှေ့တွင်ထိုင်ကာ ရေခဲမုန့်အရည်ကိုပင်မချန်ပဲ မော့သောက်နေသည့် မိုးသားကို မိုးတိမ် ငေးကြည့်နေမိသည် ။ ထိုသို့ ငေးကြည့်နေရင်း မေမေ့စကားများကို ပြန်ကြားယောင်လာမိသည် ။ ထို့ကြောင့် ခေါင်းကို ခါရမ်းလိုက်ပြီး

ကိုကို သိပါစေ (Mini story)Nơi câu chuyện tồn tại. Hãy khám phá bây giờ