Lesson (Behind the Scene)

4.8K 430 46
                                    

ပညာ (Behind the Scene)

ပညာရဲ့ (၉) နဲ့ (၁၀) က တစ်ဆက်တည်းပါ… ကျောင်းလူမိုက်ကြီးကို အတန်းခေါင်းဆောင်က ခေါ်ထုတ်လာပြီး ဘာလို့ ရန်ဖြစ်တာလဲ မေးရင်းနဲ့ လက်ကို ရေခဲကပ်ဖို့ ပေးလိုက်တာပါ… အတန်းခေါင်းဆောင်က သူ့ကို ဟိုက ကြိုက်နေတာကို ကျောင်းလူမိုက်ကြီး ကိုယ့်ကိုယ်ကို မသိခင် အရင်သိနေပြီးသားပါ… သူက ငတုံးလေးကို တစ်ကွက်ပြလိုက်တာ…

ဒါပေမဲ့ အတန်းခေါင်းဆောင် ပြတဲ့ပညာထပ် reader တွေ ပြန်ပြတဲ့ပညာက ကိုယ်ပါ ဉာဏ်မမီတော့ပါဘူးဗျာ… ဒီအတွဲလေးက ကလေးတွေပါဗျာ… ခင်ဗျားလေးတို့ နှစ်တစ်ထောင်ဆည်းပူးထားတဲ့ ပညာကုန်တွေ ထုတ်မသုံးဘဲ ရိုးရိုးပဲ တွေးကြပါ…

ရှင်းလက်စနဲ့ အရင်တည်းက တချို့တွေ မသဲမကွဲ ဖြစ်နေတာ တစ်ခုကိုလည်း ရှင်းပြချင်တယ် ညီ ရဲ့ (၄) နဲ့ (၉) မှာပါတဲ့ ကောင်လေးကို ထောက်မိနေတဲ့ ဂျူတီကုတ်ထဲက နားကြပ်ဆိုတာက သီချင်းနားထောင်တဲ့ ear phone ပိစိလေး မဟုတ်ပါဘူးဗျာ… ဆရာဝန်တွေသုံးတဲ့ stethoscope ကိုပြောတာပါ… အဲဒီဆရာဝန်လေးရဲ့ “ပိုင်ဆိုင်မှု” က တချို့တွေ စွပ်စွဲသလို ပိစိလေး မဟုတ်ရပါဘူး… ရှိသင့်သလောက် ရှိပါတယ်လို့…

🤣🤣🤣

fic ထပ် reader တွေက ပိုရယ်ရတယ်ဗျာ… တကယ်… မယုံရင် comment တွေ လိုက်ဖတ်ကြည့်… ရယ်ရတာ မျက်ရည်ပါထွက်မယ်… ရေးလည်းရေးတတ်ကြတယ်…





..

ပညာ (Behind the Scene)




🤣🤣🤣


ပေါက်ကရဝတ္ထုတိုများWhere stories live. Discover now