Chapter 10

828 98 1
                                    

T/N - အရင်အပိုင်းတွေ edit တဲ့နေက ဖျားသွားလို့ မိုရိီထပ်ပျောက်သွား reader တွေ တကယ်စိတ်ဆိုးနေကြပြီလား မသိဘူး sorry ပါလို့။ ဒါနဲ့ Chapter 7 uni ပြောင်းပြီးပါပြီ

၁၉၃၀။ မင်းဘယ်သူကိုမှလျော့တွက်လို့မရဘူး

"ဒီမှာဘာတွေဖြစ်နေတာလဲ?"

မင်းဟောင်ချူ ရဲ့အဖေက မေးလာသည်။။  မင်းဟောင်ချူ ချောင်ပိတ်ခံထားရတဲ့ယုန်တစ်ကောင်က ပြန်ကိုက်လိမ့်မယ်လို့ဘယ်တုန်းကမှမထင်ထားခဲ့ချေ။

ဖခင်ဖြစ်သူ၏ မေးခွန်းထုတ်မှု‌အောက်တွင် မင်းဟောင်ချူ သူနှင့် သူ၏အခင်ဆုံးသူငယ်ချင်းနှစ်ဦးက ကြွက်လိုသူကို အနိုင်ကျင့်ခြင်းသည် မှာပျော်ဖို့ကောင်းကြောင်း ရိုးရိုးသားသားပြောလိုက်သည်။

ရိုးရိုးရှင်းရှင်း ပြောရရင် ဒါဟာ ကျောင်းအနိုင်ကျင့်မှု။

မင်းဟောင်ချူ ဖခင်သည် ဘာမှပြောမလာသော နဉ်ရှု ကိုကြည့်ကာ သူမက အသက်နှင့်သေခြင်းကို လျစ်လျူရှုထားပုံဖြစ်သည်။ ထိုမိန်းကလေးကို  -ျီးစားခိုင်းပြီး ကျင်ငယ်ရည် သောက်ခိုင်းတယ်ဆိုတာကိုကြားတော့ သူသားကို သူပြေးရိုက်ချင်လာသည်။

"ငါ မင်းကို ဘာပြောထားတာလဲ။  ဘယ်သူ့ကိုမှ လျှော့တွက်လို့မရဘူး။  အိမ်ပြန်! သွား! မိသားစုစည်းကမ်း အကြိမ်တစ်ရာ ကူးလိုက်” မင်ဟောင်ချူ၏ဖခင်က မက်မွန်သဏ္ဌာန်မျက်လုံးများကို မှိတ်ထားရင်းပြောလိုက်သည်။

သူ မိန်းကလေး ကို ကြည့်‌နေတယ်။  သူမသည် ငြိမ်သက်လွန်းနေသည်။  သူ့လိုလူတွေက နှစ်တွေကြာအောင် ကြံစည်မှု နဲ့ အကြံအစည်တွေ အများကြီး ကြုံဖူးတယ်။  လွန်လွန်ကဲကဲ တွေးနေဖို့က ကျန်သေပေါက်ပဲ။  နဥ်ရှုမှာ အမည်မသိ အထောက်အထား ရှိမယ်လို့ပင် သူ သံသယဖြစ်မိသည်။

မင်‌ဟောင်ချူက သူ့နှုတ်ခမ်းတွေကို ကိုက်လိုက်သည် ။  အနိုင်ကျင့်တာကြောင့် ဖြစ်လာတာ။ ရိရှောင်တန် သည် မိသားစုနောက်ခံမရှိသည့်အပြင် သူမ၏ပုံစံမှာ ရှက်ရွံ့တက်ပြီး သတ္တိကြောင်သည်။  သူတို့ကို မြင်လိုက်ချိန်တိုင်း သူမက ကြွက်တစ်ကောင်က ကြောင်ကို မြင်လိုက်ရသကဲ့သို့ တုန်လှုပ်လေ့ရှိသည်။

[Complete]Campus World (Realm 30)Where stories live. Discover now