I Woke Up And Was Pregnant

2.4K 248 1
                                    

Warning ❗❗❗
This novel is about BL, intersex , male pregnancy.

Chapter 9
ဖုကျန်း သူ့ အခန်းကျဉ်းလေးထဲသို့ပြန်ရောက် ချိန်တွင် သူဝယ်ယူထားသော ကွန်ပြူတာနှင့်တက်ဘလက် မှာတစ်မြို့တည်းမှဖြစ်သောကြောင့်ခပ်မြန်မြန်ပင်ရောက်ရှိနေပြီဖြစ်သည်။

သူ mail box ထဲမှထုတ်ယူကာ  ဂရုတစိုက်ပင်သူငှားနေရာ အိမ်ခန်းလေးထဲသို့ပြန်သယ်လာပြီးနောက် ထုပ်ပိုးထားသည်များကို ဖွင့်ဖောက်လိုက်လေသည်။ သူအချိန်အတော်ကြာမျှဤကဲ့သို့မပျော်ရွှင်ခဲ့ရသောကြာင့် Meituan ကိုကြည့်၍မောက်ချိုင်ဟင်းပွဲကို မှာစားရန်ပြင်လိုက်သည်။

သို့သော်လည်း သူလစာလျှော့ခံလိုက်ရသည်ကို သတိရသွားပြီးနောက် ချက်ချင်းပင်
စားချင်စိတ်များပျောက်သွားပြန်လေသည်။

(#crdtonin3teen *mcituan ဆိုတာကဒီမှာဆို Shopတို့ Foodpanda တို့လိုမျိုးပစ္စည်းတွေဝယ်အစားအသောက်တွေမှာလို့ရတဲ့ app မျိုးပါ
*မောက်ချိုင်ဟင်းပွဲဆိုတာကကျတော့ Mini hotpot လိုမျိုးပဲ)

ဖုကျန်း ဂရပ်ဖစ်တက်ဘလက် ကို ကွန်ပြူတာနှင့်ချိတ်
ပြီးနောက် function များစစ်ဆေးကြည့်ရာအားလုံးကအလုပ်ကောင်းကောင်းလုပ်သည်ကိုတွေ့ရ၏ ထို့နောက် နောက်တစ်ကြိမ် Hash အပိုင်းစစ်ဆေးကြည့်၍ ရလဒ်ကိုကြည့်ရာသိပ်တော့မလုံလောက်ပေ frame များလျှင်ကွန်ပြူတာကနိုင်မည်မထင်။

အချိန်အတန်ကြာစဉ်းစားပြီးနောက် သူ "Shazou Chronicle" ကိုတရားဝင်ပြန်မတင်ခင် ပထမဦးဆုံးအနေဖြင့်ပုံကြမ်းအနည်းငယ်စမ်းဆွဲကြည့်ရန်ကြံလိုက်သည်။နောက်မှ ယခုထက်ကောင်းသောကွန်ပြူတာနောက်တစ်လုံးဝယ်ရန်စဉ်းစားလိုက်သည်။

သူအလုပ်အပ်လက်ခံလိုလျှင် စိတ်ဝင်စားခံရဖို့လိုအပ်သည်။ ပုံမှန်ဆိုလျှင် အနုပညာသည်အသစ်များက နာမည်ကြီးနေသော ဝတ္ထု၊ဂိမ်းသို့မဟုတ် ရုပ်ရှင်နှင့်ဇာတ်လမ်းတွဲများထဲမှဇာတ်ကောင်များကို ပုံဆွဲ၍ ပရိသတ်များကိုဆွဲဆောင်ကြလေ၏။

ပရိသတ်အတန်အသင့်စုဆောင်းမိပြီဆိုသည်နှင့် တစ်ယောက်ယောက်က ပုံမှန်လိုပင်သူ့ဆီရောက်လာပြီးပုံဆွဲပေးရန် လာရောက်အလုပ်အပ်နှံလေမည်ဖြစ်သည်။ ထိုသို့ပရိသတ်စုဆောင်းရန် အချိန်အတော်လိုသည်ဖြစ်သော်လည်း တချို့ကိစ္စမျိုးတွင်မူ ပုံဆွဲသည့်သူ့ ထူးခြားပြီးသူ၏ပုံများကကောင်းနေလျှင်ပုံထွက်လာသည်နှင့် ထိုပုံကိုပရိသတ်များဝယ်နိုင်သည်ဖြစ်ပြီး တခြားပုံများကိုလည်း အခကြေးငွေပေး၍ တောင်းဆိုလာနိုင်သည်။

I Woke Up And Was Pregnant Where stories live. Discover now