part-1( Uni+Zaw)

389 10 0
                                    

🔥ဝိုင်🔥
  part-1

စိမ်းလဲ့လဲ့ကန်ရေပြင်ကြီးကအမှတ်တမဲ့ကြည့်လျှင်ငြိမ်သက်နေသည်ထင်ရပေမဲ့တကယ်တမ်းတော့လှိုင်းကြက်ခွပ်ငယ်တွေတလှုပ်လှုပ်နှင့်တည်ငြိမ်ခြင်းကင်းမဲ့နေရသည်။

ကန်ရေပြင်ကိုမျက်နှာမူလျက်ငေးမောနေသောလူသားနှစ်ယောက်၏ရင်တွင်းမှာလဲလှိုင်းကြက်ခွပ်ငယ်တွေလိုရင်တွင်းဂယက်ကိုယ်စီနှင့်။

"ဝိုင်"

ဆို့နင့်စွာထွက်ပေါ်လာသောခေါ်သံမှာနာကျင်အက်ရှမှုတွေနှင့်အဖျားခတ်နေသယောင်။

"မောင်"

တုန်လှိုက်စွာတုန့်ပြန်လာသောအသံလေးမှာလဲရှိုက်ငင်သံတဝက်နှင့်ဝေဒနာနွံအိုင်မှာနစ်မြှုပ်လို့နေလျက်။

"ကိုယ်တို့လမ်းခွဲကြရအောင်"

မင်းတည်တံ့ သူမေးရိုးကြောကြီးတွေထောင်ထသည်အထိအံကိုကြိတ်လိုက်ပြီးသူမပြောချင်ဆုံးစကားကိုပျက်ပြားနေသည့်နှလုံးသားဖြင့်ပြောလိုက်ရတော့သည်။

သူ ဝိုင့် ကိုသိပ်ချစ်ပါသည်။
သို့သော်....

မိုးကြိုးသွားလိုအသွားထက်လှသည့်မောင့်စကားက ဝိုင့် နှလုံးနုနုလေးကိုအစိမ်းလိုက်ထိုးခွဲလိုက်သလိုပင်။

"မောင်...ဝိုင်...ဝိုင့်ကိုမချစ်တော့လို့လားဟင်"

တုန်ရီဆို့နင့်စွာမေးလာသည့် ဝိုင့် အသံလေးကသူ့နှလုံးသားကိုတမြေ့မြေ့ဖြင့်နာကျင်နေစေသည်။
သူထပ်တလဲလဲကြားယောင်နေမိသည်ကမေမေ့ရဲ့စကားတွေကိုပင်။

"သား တည်တံ့...သားဟာမေမေတို့ရဲ့တဉီးတည်းသောသား...မေမေ တို့ရဲ့မျှော်လင့်ချက်...မေမေတို့ရဲ့မျိုးဆက်လေးဆက်လက်ရှင်သန်တည်မြဲဖို့အတွက်သားအပေါ်ကိုမေမေဘယ်လောက်ထိအားကိုးမျှော်လင့်နေရတယ်ဆိုတာသားသိပါတယ်...မေမေ့ရဲ့မျှော်လင့်ချက်တွေကိုမဖျက်ဆီးလိုက်ပါနဲ့သားရယ်"

"ဟင်းးး"

မင်းတည်တံ့ သက်ပြင်းရှည်ရှည်ကြီးကိုချလိုက်မိသည်။
တခါတရံအချစ်နှင့်ယှဉ်၍ရွေးချယ်ရမည့်အရာကသူ့ဘဝအတွက်သာမကလူသားမျိုးနွယ်အတွက်အရေးပါမှုဖြစ်လာရသောအခါချစ်တတ်သည့်နှလုံးသားကိုစွန့်လွှတ်ဖို့အတွက်တွန်းအားဖြစ်လာရသည်လေ။

ဝိုင် (Wine)(completed)Where stories live. Discover now