Announcement

46.2K 3.3K 425
                                    

သေချာပေါက်နားမယ်လို့ပဲပြောခဲ့တာပါ။စောင့်ပေးနေသေးတဲ့သူတွေအတွက် ကတိအတိုင်းပြန်လာခဲ့ခြင်းဖြစ်ပါတယ်။ပထမဆုံး Wattpad platformမှာ သုတ၊ရသစာပေအစုံအလင်ရှိနေတာပါပဲ။ကိုယ်ကြိုက်နှစ်သက်သည်ကို ရွေးချယ်ရလွယ်ပါတယ်။လူတိုင်းဟာ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်ပါ။မနေ့ကကိုယ့်ကို ကြိုက်ပေမယ့် ဒီနေ့မကြိုက်တော့တာကလည်း စာဖတ်သူရဲ့လွတ်လပ်စွာရွေးချယ်ခွင့်ပါပဲ။ကိုယ့်အနေနဲ့ ကွန်ပလိန်းတက်ပိုင်ခွင့်မရှိပါ။

ပြီးခဲ့တဲ့နှစ်က ဖြစ်ပျက်ခဲ့တဲ့ကိစ္စရပ်တွေနဲ့ပတ်သတ်ပြီးတော့ ကိုယ်တစ်ယောက်တည်းရဲ့ ဆုံးဖြတ်ချက်နဲ့ပြုလုပ်ခဲ့တာ ဘာတစ်ခုမှမရှိပါဘူးရှင့်။အားလုံးတိုင်ပင်ပြီးမှ အဆင်ပြေမယ်ထင်တဲ့နည်းလမ်းအတိုင်း ဆောင်ရွက်ခဲ့ရုံပါ။သို့သော် ကြိုတင်ပြင်ဆင်ခဲ့ပေမဲ့ ထင်ထားတာထက်ပိုပြီးပြဿနာဖြစ်သွားခဲ့ရတယ်။ထိုအတွက် သေချာမပြင်ဆင်နိုင်ခဲ့တဲ့ ကိုယ့်အမှားလည်းပါပါတယ်။

လူတိုင်းဟာအမှားမကင်းကြပါဘူး။ပြင်ဆင်လို့မရတော့တဲ့အမှားရှိသလို၊ပြင်ဆင်လို့ရတဲ့ အမှားမျိုးလည်းရှိပါတယ်။ကိုယ့်အနေနဲ့ ဒီအမှားအတွက် ဘဝတစ်ခုလုံးလှောင်ပိတ်မိနေတာမျိုးအဖြစ်မခံနိုင်ပါဘူး။တခြားတစ်ယောက်ဆိုရင်လည်း ဖိအားပေးဖြစ်မှာမဟုတ်ဘူး။ဒါကြောင့် နောက်နောင် အလားတူအမှားမျိုးထပ်မပြုလုပ်မိအောင် အမှားထဲကနေ သင်ခန်းစာယူပြီး ဆင်ခြင်သင့်တာဆင်ခြင်၊ပြင်ဆင်သင့်တာကိုသေချာပြင်ဆင်သွားပါမယ်။

လူတိုင်းဟာ ခံယူချက်ချင်း၊ရွေးချယ်မှုချင်းမတူကြဘူး၊ဒီလိုပဲ ဘဝနေနည်းခြင်းတွေလည်း ကွဲပြားနိုင်ပါတယ်။ဘယ်လမ်းကိုပဲရွေးချယ်ပါစေ၊ဝေဖန်တာ၊တိုက်ခိုက်တာတွေက လူတိုင်းကြုံကြရမှာပါပဲ။ဒါတွေကို ခံနိုင်ရည်မရှိရင် မိမိတို့ရဲ့လားရာတွေပျောက်ဆုံးသွားရမှာပါ။အဓိကက အမှားတစ်ခုဖြစ်သွားခဲ့ရင် အဲ့ဒီအမှားကနေ ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်တတ်ဖို့၊ပြင်ဆင်နိုင်ဖို့၊ဆင်ခြင်နိုင်ဖို့ပါပဲ။(ပါမောက္ခချုပ်ဆရာတော်ကြီးမိန့်ခဲ့ဖူးတာလေးကို အမြဲဆင်ခြင်ဖြစ်ပါတယ်။ကံဆိုးနေတဲ့ လူတစ်ယောက်က "ငါတော့ကံဆိုးလိုက်တာ၊ငါလောက်ကံဆိုးတဲ့သူမရှိတော့ဘူးထင်တယ်"လို့ ညည်းညူနေရုံနဲ့ ကံဟာပြန်ကောင်းမလာနိုင်ပါဘူး။အတိတ်ကံကြောင့်ပဲဖြစ်ဖြစ် ကံတွေဆက်တိုက်ညံ့နေတဲ့အခါ အဲ့ဒီကံကို ပြုပြင်ရပါတယ်။ကံကိုလူကလုပ်တာပါ။မိမိကိုယ်ကိုယ် ကံညံ့နေတယ်လို့ထင်လာရင် ကိုယ်ယုံကြည်ရာ ဘာသာရေးကိုများများလုပ်ပေးရမယ်၊စိတ်ထားကောင်းကောင်းထား၊ကုသိုလ်ဖြစ်စေမယ့် အလုပ်လေးတွေကို ရွေးလုပ်ခြင်းအားဖြင့် ကံကိုပြန်လည်ပြုပြင်ရပါတယ်တဲ့)

Baby's Fatherနဲ့ပတ်သတ်ပြီး ကိုယ်နားနေချိန်မှာတလွဲတွေထပ်ဖြစ်ပါတယ်။ကိုယ်နဲ့ပြောထားခဲ့သလို Artဖိုးတွေပဲမဟုတ်ဘဲ တစ်ဖက်နဲ့သူတို့ချင်းဖြစ်ထားတဲ့ စရံသိန်း၄၀ဆိုတာကို စာရေးသူကလျော်ပေးမှ Refundပြန်ပေးမယ်ဖြစ်လာခဲ့တာပါ။ကိုယ့်ဆီကို Preorder list/Refund listဘာတစ်ခုမှသူတို့ပေးမထားပါဘူး။လျော်ရမယ့်နေရာကျမှ ကိုယ်သိရပါတယ်။

သူတို့ဘက်က ဘာအဆက်အသွယ်မှထပ်အလုပ်မခံပဲ Pageပါဖျက်သွားတဲ့အတွက် ကိုယ့်ဆီမှာ Refund fileလည်းမရှိ။သိန်း၄၀ဆိုတာလည်း စရံပေးထားတဲ့ဘောင်ချာလိုဟာတောင် မပြခဲ့ပါဘူး။ဒါကြောင့် Baby's Fatherနဲ့ပတ်သတ်ပြီး Prepaidမှာယူထားသူတွေအတွက် တစ်ခုခုပြန်လုပ်ပေးနိုင်မယ့်အချိန်ထိ စာအုပ်ထုတ်ဝေမှုကိုရပ်ဆိုင်းထားပါတယ်ရှင်။(Baby's Fatherနဲ့ပတ်သတ်ပြီး ကိုယ့်တာဝန်ဖြစ်သွားတဲ့အပေါ်မှာ  Prepaidယူထားသူတွေအတွက် အဆင်ပြေစေနိုင်မယ့်နည်းလမ်းကို ယုံကြည်ရသူတွေနဲ့ တိုင်ပင်နေပါတယ်ရှင်)

နောက်ဆုံးပြောချင်တာက ထင်ရာစွတ်စွဲပြီး ​တိုက်ခိုက်ကြတဲ့အပေါ် ကိုယ့်အနေနဲ့ ဖြေရှင်းပေးသွားမှာမဟုတ်ပါဘူးရှင့်။ကိုယ်လုပ်ကိုလုပ်ပေးရမယ့်အရာတွေရယ်၊ကိုယ့်ရွေးချယ်မှုနဲ့ကိုယ်လုပ်ချင်သေးတဲ့အရာတွေရယ်၊ကိုယ့်ကိုနားလည်ပေးနိုင်တဲ့သူတွေအတွက်ရယ်၊ပြီးတော့ကိုယ်ကြောင့် အများကိုထိခိုက်စေမယ့်လုပ်ရပ်မျိုးတွေကို နေက်ထပ်မလုပ်မိအောင် ပြင်ဆင်ဖို့နဲ့ဆင်ခြင်ဖို့အတွက်ပဲ ခေါင်းထဲထည့်ထားပါတယ်။

24 hours/

Announcement‼️Where stories live. Discover now