Genre(အနုပညာအမျိုးအစား)

10.2K 771 40
                                    

Genre

ဒီနေ့လေးမှာတော့ ဒီလောကနဲ့ ဆက်စပ်တဲ့ Genre(အနုပညာအမျိုးအစား)အကြောင်း‌ကို စာဖတ်သူတွေနဲ့ ဆွေးနွေးချင်ပါတယ်ရှင်။Wattpadလောကမှာ အတွေ့များရတဲ့ အနုပညာ အမျိုးအစားကတော့ LGBT စာပေနဲ့ Yaoi(ယအိုအီ)၊BL(Boys Love)စာပေ အမျိုးအစားတွေလို့ ပြောလို့ရတယ်ပေါ့။အဲ့ဒီစာပေအမျိုးအစားထဲကနေမှ Tagsအမျိုးမျိုးကွဲသွားတာမျိုးပါ။(Romance,Action,Drama,Smut,Adult)အစရှိသဖြင့်။

LGBT Genreအောက်မှာ ရေးသားဖန်တီးတဲ့ Novelတွေ၊Fictions အများစုက Reality(လက်တွေ့)နဲ့ နီးစပ်တာတွေ များတယ်ပေါ့နော်။တနည်းအားဖြင့် LGBT Communityထဲမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာတွေကို အနီးစပ်ဆုံး ရေးသားပုံဖော်တဲ့ စာပေအမျိုးအစားတွေလို့ သတ်မှတ်လို့ရတဲ့သဘောပါ။

Yaoi Genreကတော့ ဂျပန်ဘာသာစကားကနေ ဆင်းသက်လာတာဖြစ်ပြီး မိန်းကလေးအများစုဖတ်တဲ့ စာပေအမျိုးအစားပါ။အကြမ်းဖျင်းပြောရရင် ဇာတ်လမ်း၊ဇာတ်အိမ် ထူးခြားတာမျိုး မရှိဘဲ ယောကျ်ားနှစ်ယောက်ရဲ့ကြားက သမားရိုးကျ ပတ်သတ်မှုတစ်ခုကို ရေးသားပုံဖော်တဲ့ ဇာတ်လမ်းအမျိုးအစားလို့ အကြမ်းဖျင်းသတ်မှတ်လို့ရပါတယ်တဲ့။Yaoi Genreက အနီးစပ်ဆုံး BL Genreနဲ့ ဆင်တူတဲ့ စာပေအမျိုးအစားလို့ သိရပါတယ်။(ဇာတ်လမ်းအပေါ်မှာ မူတည်ပြီး Tagsတွေ ကွဲပြားနိုင်ပါတယ်။(ဥပမာ Romane/Adult)

ဒါကြောင့် Yaoi Genreနဲ့ BL Genreအောက်မှာ ရေးသားဖန်တီးတဲ့ Novelတွေ၊Fictionsအများစုကတော့ Reality(လက်တွေ့)သိပ်မဆန်ပါဘူး။Fantasy(စိတ်ကူးယဥ်ဇာတ်လမ်း)တွေဖြစ်တဲ့အတွက် လက်တွေ့နဲ့ အများကြီးကွာခြားပါတယ်။BL Fictionအများစုက Intertainmentအနေနဲ့သာ ရေးဖွဲ့ကြတာများပါတယ်။BL Genreအောက်မှာ ရေးသားပြီး Reality ဆန်ဆန် ရေးဖွဲ့တာမျိုးလည်း ရှိကောင်းရှိနိုင်ပါတယ်။ဆိုလိုချင်တဲ့ အဓိပ္ပါယ်ကတော့ BL Genreအောက်မှာ ရေးသားတဲ့ ဇာတ်လမ်းအများစုက လက်တွေ့ဘဝနဲ့ ကွဲပြားတယ် ဆိုတာကိုပါ။စာရေးသူတွေအနေနဲ့ ကိုယ်ရေးမယ့် Genreနဲ့ Tagsတွေကို သေချာထည့်ထားသင့်ပြီး စာဖတ်သူတွေကလည်း ကိုယ့်အကြိုက်နဲ့ ကိုက်ညီမှု ရှိမရှိကို သေချာရွေးချယ်ဖတ်သင့်ပါတယ်။(ကိုယ်ကတော့ ကိုယ့်Ficတွေအားလုံးမှာ Warning/Genre/Tags အကုန်ဖော်ပြပေးထားပါတယ်)

Announcement‼️Where stories live. Discover now