part 4

150 25 0
                                    

hyunjin လဲ lix ကို ပွေ့ချီပီးအခန်းထဲထိခေါ်လာခဲ့ရသည်။ကုတင်ပေါ်ချပေးတော့  လည်ပင်းကို သိုင်းဖက်ထားတာမဖယ်ပေးပဲ အားနဲ့ပိုလိုတောင်် တွဲဖက်ထားသေးသည်။

lix::hyunjin ကျွန်တော်နဲ့အိပ်

hyun::မဖြစ်ဘူးလေ အကိုလေး lix

lix::ဘာလို့မဖြစ်ရမှာလဲ lee felix ကို ဘယ်သူလွန်ဆန်ရဲတာလဲ

hyun::လွန်ဆန်တာမဟုတ်ပါဘူး

lix::အိပ်ဆိုအိပ် hyunjin ကို ကျွန်တော်ပဲ ပိုင်တာ
ကျွန်တော်နဲ့အိပ်

hyun::ဒါပေမဲ့ အကိုလေး အဆင်မပြေမှာဆိုးလို့ပါ

lix::hwang hyunjin ခဗျားဟာလေ အရပ်ရှည်သလောက် အရ်လဲရှည်တယ် လာဆိုလာ

lix က လူကသေးပေမဲ့ အားနဲ့ဆွဲချလိုက်တာ​ကြောင့် hyunjin lix အပေါ်ကို အုပ်မိုးရက်လေးပြုတ်ကျသွားသည်။ဒါကိုအခွင့်ကောင်းယူပီး lix က hyunjin ရဲ့နှုတ်ခမ်းကို ဖွဖွလေး ထိလိုက်ပီး ညို့ငင်သောအပြုံးတွေနဲ့
အရက်အရှိုန်ကြောင့်ရီဝေနေတဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ကြည့်နေတဲ့ ထိုကောင်လေးကို နားမလည်အောင်ဖြစ်နေကေမဲ့ ထပ်မံတိုးလာတဲ့ နှုတ်ခမ်းတစ်စုံ လက်ခံရမလား ငြင်းဆန်ရမလားတွေဝေနေတုန်းမှာ ' ဘုတ် 'ဆိုတဲ့အသံကြားမှ အောက်ကကောင်လေးအိပ်ပျော်သွားမှန်းသိလိုက်ရသည်။ ခုန်နေတဲ့ကင်ဘတ်တစ်စုံကို မျက်ကွယ်ပြုရင်း အိပ်ယာထက်မှာအိပ်ပျော်နေတဲ့ အရုပ်လေးအလား လှပလွန်းတဲ့ကောင်လေးရဲ့ အရိုက်ခံထားရတဲ့ ပါးပြင်နီနီလေးကိုအသာထိတို့မိလိုက်သည်။ခေါင်းထဲမှာ အတွေမျာစွာ ခြယ်လှယ်နေတာကို ငြင်းဆန်ပြီး ကောင်လေးအားစောင်ခြုံပေး၍ အခန်ထဲက ထွက်လာလိုက်သည်။

hyunjin ကိုယ့်ကိုကို အဖြေရှာကြည့်နေပေမဲ့ အဖြေက မဖြစ်သင့်ဘူးဆိုတာကို သိနေတာကြောင့်ခုန်နေတဲ့ရင်ဘက်ထဲက အကောင်ကိုမျက်ကွယ်ပြုရင်း မှေးစက်လိုက်သည်။  ....နောက်နေ့ မနက် ရောက်တော့ အကိုလေးက ဘာမှမဖြစ်ခဲ့သလို ပုံမှန်လိုပဲ သူ့ကိုစကားတွေပြောနေသည်။

"မင်းဘာတွေမျှော်လင့်နေတာလဲ hyunjin မဖစ်နိုင်မှန်းသိရက်နဲ့ကွာ "ကိုယ့်ဘာသာကို တွေးပီး တစ်ချက်ရီမိလိုက်သည်။

The RuleWhere stories live. Discover now