Episode 3

261 26 3
                                    

နှစ်တရာလန်းမဲ့ မေတ္တာပန်း Ep 3

သစ်ခက်လဲ ခိုင်ကိုဆံထုံး ထုံးပေးပြီး ခိုင်နဲ့အတူအောက်ဆင်းလာသည်
" ဆရာမနဲ့ လိုက်မယ်မို့လား "
" ဟုတ်ကဲ့ လိုက်ခဲ့မယ်ဆရာမ ခနစောင့်ပေးနော် သစ်ခက် လွယ်အိတ်သွားယူမလို့ " ခိုင်မှပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်
ခိုင်တို့လဲအောက်ဆင်းလာတော့ သစ်ခက်လဲလွယ်အိတ်သွားယူနေတုန်း မေသူဆိုတဲ့အစ်မကဆရာမနဲ့စကားတွေလာပြောနေတာတွေ့တော့ သစ်ခက်မျက်နှာကမှိုင်လျက် ခိုင်တို့နဲ့မလှမ်းမကမ်းတွင်ရပ်နေတော့ ခိုင်မှတွေ့တာ  " ရန်ကုန်သူလာလေ သွားကျမယ် " ခိုင်ပြောတော့မှ သစ်ခက်လဲခိုင်ဆီကိုလာပြီး ဆိုင်ကယ်ပေါ်တတ်လိုက်သည်
" ဆရာမ " သစ်ခက်မှခေါ်တော့
" ဝေ့ " သစ်မှဘာမှဆက်မပြော
" ဟော ပြောမလို့ခေါ်တာမဟုတ်ဘူးလား ဘာပြောမလို့လဲ " ဆိုကာ ဆိုင်ကယ်မောင်းနေရင်း သစ်ခက်ကိုဘက်မှန်ကကြည့်ကာပြောတော့
" ဟို ခုနကအစ်မကဘာလာပြောတာလဲ "
" အော် ဒါလား မေသူလေ ဆရာမရဲ့တပည့်ဆိုတော့ စာလာမေးတာပေါ့ သမီးရဲ့ "
" ဟင် စာမေးတာကလဲ ပြုံးလို့ ရွှင်လို့ "
" အယ် ဒုက္ခပဲ စာမေးရင်းနဲ့ သူကရီီစရာပြောလို့ရီတာပါရှင် ကဲရောက်ပြီ"
သစ်ခက်မှ ခိုင်အိတ်ကိုမယူပဲ အခန်းထဲဝင်မယ်အလုပ်
" ဟိတ် ကျောင်းသူလေး ဆရာမအိတ်လေး အခန်းထဲယူသွားပေးပါအုံး " ခိုင်မှပြောတော့ သစ်ခက်မှလှမ်းကြည့်ကာ ဆိုင်ကယ်ဘတ်မှန်မှာချိတ်ထားသော အိတ်အားမျက်စပစ်ကာပြောသည် သစ်ခက်လဲခိုင်ကိုမကြည့် ကြည့်တချက်ကြည့်ကာ အိတိယူပြီးအခန်းထဲဝင်သွားသည် ခိုင်သစ်ခက်ကိုတမင်စလိုက်ခြင်းပင် ခိုင်လဲသစ်ခက်ရဲ့အမူအယာလေးကိုကြည့်ပြီး ခေါင်းရမ်းပြီး ပြုံးကာအခန်းထဲဝင်လာလိုက်သည် သစ်ခက်လဲဆူပုတ်စွာအခန်းထဲဝင်လာတော့
" ဟဲ့ နင်ရုပ်ကဘာဖြစ်လာတာလဲ "
" ဆရာမပေါ့ဟ "ဆိုကာ ခုံပေါ်လွယ်အိတ်တင်ကာ ထိုင်ပြီးပြောလေသည်
" ဆရာမကဘာလုပ်လို့လဲ နင်သွားပြီးမကြပ်နဲ့နော် ဟိုမှာအစ်မမေသူကအဆင်သင့့် "
" ဟာ နင်ကလဲစိတ်ညစ်နေပါတယ်ဆို အာ့စကားပဲ " ပထမဆုံးအချိန်အတွက်စာအုပ်ထုတ်ကာပြောလေသည်
" မဟုတ်ဘူးလေ ငါကသဘော "
" ဟာ ဘာသဘောမှမပြောနဲ့ မကြားချင်ဘူး "ဆိုကာ ခုံပေါ်တွင်သာ ခေါင်းမှောက်ပြီး အိပ်နေလေရဲ့
သရဖီကတော့ သစ်ခက်ပုံစံကိုကြည့်ကာ ခပ်ပြုံးပြုံးသာ ဖြစ်နေတော့သည်
" ကဲ အားလုံးကျောင်းတတ်ပြီး လူစုံပြီလား " ခိုင်မှ တတန်းလုံးမေးတော့ အားလုံးကလဲ တညီတည်း စုံပါပြီးလို့ပြောကာ ခိုင်စာဆက်သင်လေသည်
ရတနာတို့အဆောင် တလတခါ ဒါမှမဟုတ် နှစ်လတခါ စာမေးပွဲဖြေနေကျပါ အာ့တာကြောင့်လဲ အကုန်လုံးနီးပါးက တွက်စာဆိုတွက်စာ ကျက်စာဆိုပြီးကျက်ကျတယ် ရတနာကတော့ ညဘက်အချိန်မရှိရင် စာသင်Wallထဲအကုန်လုံးခေါ်ပြီး Physic သင်ပေးသည်
သစ်ခက်တို့လဲ ကျောငိးကို နေ့တိုင်းသွားစရာမလိုပေ တပတ်ကို ၃ရက်လောက်သာသွားသည် ကျန်တဲ့ရက်တွေဆို အဆောင်မှာပဲ စာလုပ်ရသည် အခုလဲ Chemistryအချိန် ဆရာမ မလာသေးတာမို့ စာသင်ဆောင်မသွားသေးပဲစာလုပ်နေတုန်း ၉တန်းကိုစာလာသင်သော ခိုင်ကိုငေးကြည့်နေပြီး ခိုင်မှလှမ်းအကြည့် သူမသိသလိုနဲ့ စာပြန်တွက်ချင်ယောင်ဆောင်နေလိုက်သည် ခိုင်ကလဲပြုံးကာ၉တန်းကိုစာသင်ဖို့ဝင်သွားသည် ခနနေတော့Chemistry ဆရာမလာတော့ သစ်ခက်တို့လဲ စာသင်ဆောင်ဘက်သွားပြီး အောက်ထပ်မှာစာသင်တဲ့ခိုင်ကိုမရ ရအောင်ကြည့်သွားသေးသည် Chem ဆရာမမှ သစ်ခက်ကိုလှမ်းခေါ်မှပြေးသွားသည်
" ရန်ကုန်သူ လာလေ အပေါ်တတ် " ဆိုမှအပေါ်ပြေးတတ်သွားသော သစ်ခက်
ခိုင်ကလဲစာသင်နေရင်း ခနရပ်ပ်ကာ
" ဟမ် ရန်ကုန်သူတဲ့ သူ့ကိုအကုန်လုံးအာ့လိုပဲခေါ်တာလား သူကရောဒီမှာဘာလုပ်နေတာလဲ"ဆိုပြီး ခိုင်းခနတွေးနေကာ ၉တန်းကျောင်းသူလေးကဆရာမခေါ်မှသတိဝင်ကာ စာတက်သင်လေသည် Chem ချိန်လဲပြီးရော Physicချိန်မို့ Physicဆက်သင်လေရဲ့
သစ်ခက်ကနှစ်သစ်ဆိုပေမဲ့ အဆောင်မှာ အတော်ဆုံးပင် Repeaterတွေထက်တောင် သူကပိုကျွမ်းနေလေသည်
သရဖီက သစ်ခက်လောက်မရပေမဲ့ သူလဲစာကိုပုံမှန်လုပ်သူ သူကကျက်စာတော့အပျင်းကြီးတဲ့သူပင် အခုလဲတွက်စာလုပ်နေတုန်း သရဖီနဲ့ သစ်ခက်နားကို ရတနာလာကြည့်တော့
" ဆရာမ သရဖီဒီနားလေး မရလို့ လာရှင်းပြပေးပါ့လား " ပုဒ်စာလေးကိုလက်ညိုးထိုးကာပြတော့ ရတနာလဲ သရဖီနားထိုင်ကာ
" ရန်ကုန်သူရော ရလား မရရင်လာလေ ဆရာမတခါတည်းရှင်းကပြမယ် "
" အာ့တာနားလည်တယ်ဆရာမ "
" ဆရာမကလဲ သူက သူ့ချစ်ချစ်ဆီပဲမေးမှာပေါ့" ရတနာမှ မျက်လုံးပြူးကာ သစ်ခက်ကိုမေးတော့
" ဘယ်ကချစ် ချစ်လဲ "
" ဘောဂဆရာမလေ "
" အာ့ အာ့လိုမဟုတ်ပါဘူး သစ်ခက်နားလည်လို့ပါ "
" ဟုတ်ပါပြီ ထားပါ အခုကအာ့တာတွေပြောရမဲ့အချိန်မဟုတ်ဘူး စာလုပ်"
သစ်ခက်လဲခေါင်းငြိမ့်ကာ စာဆက်တွက်နေလိုက်သည်
" သရဖီလဲ ကြပ်ကြပ်သတိထားပါ စာပဲစိတ်ဝင်စား ကျန်တာတွေစိတ်မဝင်စားနဲ့"
" ဆရာမကလဲလသရဖီကဘာစိတ်ဝင်စားလို့လဲ"
"အာ့တာဆိုလဲ ပြီးရော လာဒါက%$#&**%#**"
ရတနာလဲ စာရှင်းပြပြီးထွက်လာလိုက်သည်
" သရဖီ နင်သက်သက်မဲ့မေးနေတာမို့လား ရရဲ့သားနဲ့ "
" ဟီး ဆရာမငါ့နားမှာထိုင်ပြီး စာရှင်းပြတာသဘောကျလို့ ပြီးတော့ "
" ပြီးတော့ နင်အနီးကပ်လဲ ကြည့်ရလို့ ဟုတ်တယ်မို့လား "
" ငါ့သူငယ်ချင်းလေးကတော်လိုက်တာ "
ဆိုကာ သစ်ခက်ကိုလာဖက်သည်
" ဖယ်ပါ နင့့်အကြံဒါအကုန်ပဲလား "
" မကုန်သေးဘူး ကျန်သေးတယ် " ဆိုကာ သစ်ခက်ကိုလျှာထုတ်ပြောင်သွားလေသည်
အခုဆိုနွေကနေ မိုးအကူးမို့ အတော်များများ နေမကောင်းဖြစ်ကျသည် ရတနာကလဲ သူ့ကလေးတွေကို ဆေးကြိုတိုက်သည် ဒါပေမဲ့လဲမရပေ ဖျားချင်တဲ့သူကတော့ဖျားကျတာပဲလေ သစ်ခက်လဲဖျားတဲ့ထဲတွင်ပါလေသည် သရဖီကတော့မဖျားတော့ သစ်ခက်သာ စာသင်ချိန်မရှိလျှင် ဂရုစိုက်ပေးသည်
သစ်ခက်ကိုစာလာသင်တာမတွေ့တော့ ခိုင်မှသရဖီအားမေးလေသည်
" သရဖီ သမီး ရန်ကုန်သူဘာဖြစ်လို့လဲ "
" နေမကောင်းလို့ပါ ဆရာမ "
" ဟုတ်လား ဆေးသွားမထိုးဘူးလား "
" ထိုးတယ်ဆရာမ မသက်သာတာ "
ခိုင်လဲစာသင်ပြီး သစ်ခက်အားဝင်ကြည့်လိုက်သည် ကိုယ်တွေကလဲအတင်းပူနေတာကြောင့်  သူများတွေနေမကောင်းရင်အိမ်ပြန်နေတာ သူလဲအာ့လိုနေချင်ရှာမှာပဲ ဟုဂရုဏာသက်ကာ ခိုင်အတွေးတချို့ကာရပ်တန့့်ပစ်ကာ
" သမီး ရတနာ ရှိလား " ဘေးနားကသရဖီအားလှမ်းမေးလေသည်
" မရှိဘူး ဆရာမ စာသွားသင်တယ် " သရဖီလဲပြောလိုက်ရော ဖုန်းအားကိုင်ကာ တစုံတယောက်က်ဆီဖုန်းခေါ်လေသည်
" ဟယ်လို ရတနာလား "
" ဟုတ်ကဲ့ မမခိုင် "
" ရန်ကုန်သူကို အစ်မခေါ်သွားမလို့ ကလေးကကိုယ်ကလဲအရမ်းပူနေတာမို့ "
" ဟုတ်ကဲ့ ရတနာလဲ ဘာလုပ်ရမှန်းမသိဖြစ်နေတာ သူကအဝေးကလာတော့လေ သူ့အိမ်ကတော့ လာခဲ့မယ်ပြောပါတယ် "
" လာခိုင်းမနေပါနဲ့ ရတနာရယ် အစ်မဆီပဲခေါ်သွားလိုက်မယ် "
" ဟုတ်ကဲ့အစ်မ " ဖုန်းချပြီး သရဖီအား အကူအညီတောင်းကာ သစ်ခက်ရဲ့အဝတ်အစား ၂စုံလောက်နဲ့ စာအုပ်တချို့ကိုထည့်ကာ သစ်ခက်အား ခိုင်ရဲ့အိမ်ကိုခေါ်သွားလေသည် ဆိုင်ကယ်ပေါ်တွင်လား ရလားကခနခနမေးနေလေသည် ခိုင်တို့အိမ်ရောက်တော့ သစ်ခက်ကြည့်လိုက်တာ
အိမ်ကနှစ်ထပ် ခြံဝန်းထဲတွင် စံပယ်ပန်း နှင်းဆီပန်းနဲ့ အစုံပင် ဆိုင်ကယ်သံကြားလို့ ခိုင်ရဲ့အမေ ဟုထင်သူကထွက်လာပြီး
" ခိုင် ဘာလို့ပြန်လာတာလဲ "
" ဒီမှာလေမေမေရဲ့ ရတနာတို့အဆောင်ကကျောင်းသူလေးနေမကောင်းလို့ "
သစ်ခက်ကိုအိမ်ထဲခေါ်ကာ ခိုင်အခန်းထဲထားသည် ခိုင်ကလဲရေဘတ်တိုက်ပေးကာ ဆေးသောက်ဖို့အတွက် ဆန်ပြုတ် ပြုတ်လေသည် ခိုင်ကလဲမေမေကို သစ်ခက်အကြောင်းအစုံပြောပြတော့
" ဂရုစိုက်လိုက်ပါ သူကအဝေးကလာတာဆိုတော့ဒီလိုဖြစ်နေတဲ့အချိန် အားငယ်မှာသမီးရဲ့ "
" ဟုတ်ကဲ့ ခိုင်လဲအာ့တာကြောင့် အိမ်ပဲခေါ်လိုက်တာ " ဟုတ်ပြောပြီး ဆန်ပြုတ်ရသည်ည်မို့ သစ်ခက်ကိုပြန်တိုက်ရပေသည်
#ကျော့
စိတ်မပါတော့စာကသိပ်မရေးဖြစ်ဘူး🥺

နှစ်တစ်ရာလန်းမဲ့ မေတ္တာပန်းWhere stories live. Discover now