Episode 7

359 2 0
                                    

"အမခယ်တကယ်သွားတော့မှာလားဟင်"
"အွန်း အမဒီနေ့မှမပြန်ရင်အမသားလေးအမကိုရိုက်တော့မယ်ပြန်တော့မယ်နော်လစ် ဘိုင်ဘိုင်"
"အမခယ်"
အမခယ်အမြန်ကားတံခါးကိုပိတ်သွားတော့သည်
"အမ!!"
"ဘယ်လိုဖြစ်တာလဲသူကြည့်ရတာမင်းကိုမပြန်စေချင်နေပုံပဲ"
"အောကျွန်မကိုမပြန်‌ေစချင်တာထက်ရှင့်ညီကိုကြောက်လို့လေ"
"ဒန်နီတို့‌များမိန်းမကိုဘယ်လိုကိုင်တွယ်လိုက်လဲမသိဘူးတော်လိုက်တာ"
"အားကျနေတာလား ဒန်နီလိုတော့လာမလုပ်‌နဲ့နော်ခယ်ဆိုတဲ့မိန်းမအကြောင်းသိသွားမယ်"
"မဟုတ်ရပါဘူးမိန်းမရယ်"
"အင် အခုမှ"
..................
အမခယ်တို့ထွက်သွားသည်နှင့်ဒန်နီ အဲလစ်လက်ကိုဆွဲရင်းအိမ်ထဲဝင်သွားခဲ့သည်
"လာခဲ့"
"........."
ဒန်နီကသူမနဲ့ရင်းနှီးမှု‌ရအောင်တစ်ခုခုလုပ်ရန်စီစဉ်လိုက်သည်
"ထိုင်"
"......."
ဒန်နီပြောတာကိုတစ်ခွန်းမှစကားပြန်မပြောပဲလိုက်နာနေမိသည်
"မင်းကြိုက်တဲ့အရာတွေအားလုံးရေး ကြိုက်တဲ့ဟင်းတွေ၊အသီးတွေ၊အချစ်ခံရတဲ့ပုံစံတွေရေး"
"ဘာလုပ်မလို့လဲဟင်"
"အခုရက်ပိုင်းမင်းကို ပျော်အောင်ထားပြီး ကလေးယူရင်ကောင်းမလားလို့"
"ရှင်!!!"
ကလေးယူမယ်ဆိုတဲ့စကားကြောင့်သူမအရမ်းလန့်သွားခဲ့သည်
သူမမှာအခုတည်းကတောင်သူ့ဆီကထွက်သွားချင်နေတာကလေးယူမယ်ဆိုတော့သူမခေါင်း‌ပူရသည် ဘာလို့ဆိုသူမသာသူနဲ့ကလေးယူလိုက်မယ်ဆိုရင်တစ်သက်လုံးသူ့ဆီကနေလွှတ်မြှောက်တော့မှာမဟုတ်ဘူး အခုချိန်မှာသူမက‌ေလးယူရန်ငြင်းဖို့သာဆုံးဖြတ်လိုက်သည်
"ကျွန်မကလေးမယူချင်ဘူး"
"ဘာလို့လဲကိုယ့်ဆီမှာတစ်သက်လုံးနေရမှာဆိုးလို့လား"
သူမအရမ်းလန့်သွားခဲ့သည် သူကသူမစိတ်ထဲကခံစားချက်ကိုသိနေသလိုပြန်ပြောခဲ့တာကြောင့်
"မဟုတ်ပါဘူးကလေးမွေးရတာလွယ်တာမှမဟုတ်တာ ‌ကလေးမွေးရင်အရမ်းနာမှာ ကိုယ်ဝန်ရှိနေချိန်မှာလဲ အရိုးတွေချိုးခံရသလိုပဲနာတယ်တဲ့ လစ်ကြောက်တယ် ကလေးမယူချင်ဘူး"
သူမကိုသနားမလားဆိုပြီးကြောက်တဲ့အမူအရာဖြစ်သူကိုသနား‌ေစရန်ပြောလိုက်သည်
သို့သော်သူကအရမ်းပါးနပ်တာလား မသနားတတ်တာလား
"ဒါကသူများအပြောတွေပါ တစ်ယောက်တော့စမ်းမွေးကြည့်ပေါ့ နာရင်လည်းနောက်တစ်ခါမမွေးတာပေါ့"
နာရင်နောက်တစ်ခါမမွေးတော့နဲ့တဲ့မနာရင်မွေးရအုံးမယ်ဆိုတဲ့သဘောနဲ့ပြောလိုက်သည့်အတွက်သူမကြက်သီးတွေတောင်ထသွားရသည်
ဒီကိစ္စကသူမအတွက်အဆိုးရွှားဆုံးဖြစ်သွားနိုင်တဲ့ကိစ္စမို့ရပ်တန်းကရပ်အောင်တားသင့်တယ်
"ကျွန်မက ကလေးမရနိုင်ဘူး"
"ဘာလို့"
မယုံသလိုမဟုတ်တာတွေနားထောင်ရ
မယ့်မျက်နှာနဲ့မေးလိုက်သည် သူမလိမ်ပြောတော့မှာသိနေသလိုဖြစ်နေသည်
"ဘာလို့လဲဆိုတော့ကျွန်မကိုကျွန်မမေမေကဘိုးဘွား‌ေတွနဲ့အပ်ထားတာ ကျွန်မကတစ်သက်လုံးကလေးမယူရဘူးတဲ့ယူရင်သေမယ်တဲ့ကျွန်မကို မရှိတော့တဲ့ကျွန်မဘိုးဘွားတွေကစောင့်ရှောက်တာမို့ကလေးယူလို့မရဘူး"
ဒီကိစ္စမဖြစ်ရင်ပြီးရောဆိုတဲ့သဘောနဲ့ ပြောမိပြောရာ တွေသာပြောလိုက်တာ ကောင်းမွန်တဲ့ အကြောင်းပြချက်မဟုတ်ဘူးဆိုတာတော့သူမသိသည်
"ဟုတ်လားမင်းဘိုးဘွားတွေကမင်းကိုယောကျာ်းတော့ပေးယူတယ်ကလေးကတော့မယူရဘူးတဲ့လားဟုတ်လားအဲ့လိုလား"
ဒန်နီကမယုံသလိုအကြည့်နဲ့သူမစကားပြောရင်ပြောသလိုသူမစကား‌ေနာက်ကသံရောင်လိုက်ပေး‌သည်
သူမလည်းသိပါတယ်သူ မယုံဘူးဆိုတာကိုသူမကိုယ်တိုင်လည်းပြောမိပြောရာပြောလိုက်တာကြောင့်အခုတော့ သူမ‌မှားသွားပြီဆိုတာသိလိုက်သည်
သူကိုယုံ‌ေအာင်ပြောတဲ့မဟုတ်မမှန်တဲ့စကားကိုသူ မယုံ‌ေပမယ့်သူမရဲ့အားကြိုးမာန်တက်လိမ်တာလေးကိုသနားပြီး ယုံတယ်ဆိုတဲ့သဘောနဲ့လိုက်လျောပေးလိုက်သည်

မင်းမလုပ်ရင်ငါလုပ်မယ်Where stories live. Discover now