🎋Chapter 3

699 105 2
                                    

🎋Chapter 3

နောက်တစ်နေ့တွင် ယင်ကောင်များသည်ခေါင်းကို တစ်ဝှီဝှီအနှောက်အယှက်ဖြစ်စေကာ မရပ်မနား အော်ဟစ်နေသကဲ့သို့သော ခေါင်းကိုက်ခြင်းကြောင့် နိုးလာခဲ့သည်။

ခေါင်းနည်းနည်းကြည်လင်လာသည်အထိ နိုးထရန် စိတ်ကူးထားပြီး သူ့ဘေးနားရှိနွေးထွေးသောအရာတစ်ခုကို မရည်ရွယ်ဘဲ သူ့လက်မောင်းနှင့်ထိမိကာ လှည့်ကြည့်လိုက်ပြီးတော့ လေအေးကိုအဆုတ်ထဲသို့ရှူသွင်းလိုက်သည်။

မနေ့ညက မူးနေလို့ လူပျိုအိမ်မက်မက်နေတယ်လို့ သူထင်ခဲ့ပေမဲ့ မမျှော်လင့်ထားဘူး.....။

နောက်ဆုံးတော့ မနေ့ညက မှတ်ဉာဏ်တွေထပ်ခါ ထပ်ခါပြည့်လျှံလာခဲ့တယ်--------

အနည်းငယ်ခံနိုင်ရည်ရှိမှု အသက်ရှူမဝသော နွေးထွေးသည့် ဘ၀ကျမှုတွေနှင့် တင်းကြပ်နေမှု ...... ဝိုးတိုးဝါးတား သူသည် သူ့ကိုခန္ဓာကိုယ်အောက်ကိုဖိထားကာ ခက်ခက်ခဲခဲထိုးထည့်ကာ သူ့မကျေနပ်မှုအားလုံးကိုလွှတ်ပေးလိုက်သည်။

ဖန်ကျင့်ကျိုက်၏စိတ်ထဲ နောင်တရစပြုလာသည်။ သူ့ကျောပြင်ကို အပြာရောင်အမှတ်အသားများဖြင့် ဖုံးအုပ်ထားသည်ကိုမြင်လိုက်ရသဖြင့် ထိုအချိန်တွင် သူမည်မျှထိန်းမနိုင်သိမ်းမနိုင်ဖြစ်သွားသည်ကို သူသိလိုက်သည်မှာကံကောင်းထောက်မစွာပင် သူသည်သေဆုံးခြင်းမရှိခဲ့ပေ...။

ကောလဟာလထဲက 'အတုမဲ့' သခင်ကဘာကြောင့် အတွေ့အကြုံမရှိသူတဲ့သူလို့ ထင်ရတာလဲ ? သူ့ရဲ့ ခွန်အားကမနည်းသေးပေမယ့် သူ့ကိုယ်လုံးကလည်း ပိန်လှီနေပုံမပေါ်ဘူး....။

ရုတ်တရက် တစ်ခုခုမှားသွားသလိုခံစားလိုက်ရတယ်။

"ဟေး!"

သူ့လက်ကိုဆန့်ပြီးလှုပ်လိုက်တယ်။

"ဟေး အဆင်ပြေရဲ့လား ?"

မလှုပ်မယှက် လဲလျောင်းနေတဲ့ သူ့ကိုကြည့်လိုက်တော့ ဖန်ကျင့်ကျိုက်က ရုတ်တရက်ထိတ်လန့်သွားပြီး သူ့အနားကိုကပ်ကာ ဒီတစ်ချက် ကြည့်လိုက်မိတော့....

အိပ်မက်ဆိုးတစ်ခုလိုပင် !!

"Aaaaaaaaaa!"

စူးစူးဝါးဝါးအော်သံများက ကောင်းကင်ကိုထိုးဖောက်ဝင်ရောက်ကာ စာငှက်တစ်ကောင်ကိုပင် ကြောက်လန့်စေခဲ့သည်။

သောက်ရာမှ တရေးနိုးပြီးနောက် ခန္ဓာကိုယ်ရောင်းချမိခြင်း [Completed] ✅Where stories live. Discover now