🎋Chapter 4

658 91 8
                                    

🎋Chapter 4

ဖုန်ရုန်ချန်က လက်ဖက်ရည်ကို အေးအေးဆေး ဆေးသောက်ရင်း

"မင်းပြောသလိုပဲ၊ အဲ့ဒါက ချီရှန့်ကောလေ၊ ငါသာဒီကိစ္စကို အလေးအနက်ထားဖြေရှင်းချင်ရင် ဒီကိစ္စကိုတစ်သန်းလောက်နဲ့ဖြေရှင်းနိုင်မယ်လို့ မင်းထင်နေတာလား။"

ဖန့်ကျင့်ကျိုက်က စိတ်ဓာတ်ကျသွားတယ်။

"ငါက သောက်ထားတာလေ မင်းမသိဘူးလား ? မင်းကယောင်္ကျားလေ၊ မင်း ငါ့ကိုတောင် ပြန်မတိုက်နိုင်ဘူးလား ?"

ချက်ခြင်းပြန်မချေပဘဲ လက်ဖက်ရည်ကိုတစ်ကျိုက်ပြီးတစ်ကျိုက် ဆက်သောက်ပြီးနောက်ခွက်ကိုချကာ ဖန့်ကျင့်ကျိုက်သည် သူ့ပါးပြင်ပေါ်တွင် လက်ဗွေရာအမှတ်အသားတစ်ခုနှင့် လည်ပင်းတွင် သဲလွန်စအချို့ရှိနေသည်ကို သိလိုက်ရသည်။

ဖန့်ကျင့်ကျိုက်သည် ခေါင်းကိုက်ခြင်းကိုခံနိုင်ရည် ရှိလာပြီး အချို့အရာများမှတ်မိလာသည်။

ထိုအချိန်တွင် သူသည် အလွန်မူးနေပြီးငိုက်မျဉ်းနေကာ မိုယုကိုတွေ့တော့ ထိုလူကအခန်းတောင်းပြီး အပေါ်ထပ်သို့ခေါ်သွားသည်။ အခန်းထဲဝင်သွားတော့ အဲဒီလူကိုကုတင်ပေါ်တင်ခိုင်းပြီး ချည်နှောင်ထားပေမယ့် အဲဒီလူက မပူးပေါင်းချင်တာကြောင့် မျက်နှာကိုပါးရိုက်ပြီး အဲဒီလူကို လူတွေကိုအစေခံဖို့ မွေးဖွားလာတယ်လို့ပြောနေသေးတာပဲ၊ ကုတင်ပေါ်တွင် ထိုလူကအမြဲတမ်းရုန်းကန်ခုခံနေသဖြင့် လည် ပင်းကိုပင်ကိုက်လိုက်သေးသည်...။

ထို့နောက် ထိုကဲ့သို့ပင် သူ့ကိုယ်သူပွေ့ဖက်ခိုင်းလိုက် သည်။

ဒီအချက်ကိုမယုံနိုင်ဘူး၊ သက်သေတွေရှိနေတယ်၊ လွတ်မြောက်ဖို့တောင် မတတ်နိုင်ဘူး။ သူ့အမှားမှန်းသိလို့ လောလောဆယ်ရှုံးနေပြီ။

"ငါက ကိုယ့်လုပ်ရပ်အတွက် တာဝန်ယူရမယ့်သူတစ်ယောက်ပဲ။ ဟေး မင်း ! ဖုန်မျိုးရိုးနဲ့ကောင် ငါက မင်းကိုလျော်ကြေးပေးဖို့ မကန့်ကွက်ပါဘူး၊ ဒါပေမယ့် မင်းငါ့ဆီကအမြတ်ထုတ်ချင်သလိုမျိုးကြီး 1 သန်းကတော့ အရမ်းများလွန်းတယ်လို့မထင်ဘူးလား။"

သောက်ရာမှ တရေးနိုးပြီးနောက် ခန္ဓာကိုယ်ရောင်းချမိခြင်း [Completed] ✅Where stories live. Discover now