10🍇

186 29 17
                                    


ရာသီဥတုဆိုတဲ့ အမျိုးက ပုံသေတွက်လို့မရဘူးဆိုတာ မှန်တာပဲ။
အစောကပဲ နေရောင်တွေဘာတွေထွက်လို့ သာယာနေတဲ့ ပုံစံက တိမ်မည်း​ဖုံးကာ ခုဖြင့် တခြားစီ။
ရုတ်ချည်းပြောင်းလဲသွားသော ကောင်းကင်အား
မော့ကြည့်ရင်း -

"မိုးက ဒီတစ်သက်ရွာလို့ကိုပြီးအုံးမှာလား
တကယ် စိတ်ပိန်တယ် ''

မင်ယွန်းဂီက ပြောရင်း စိတ်ရှုပ်ပုံဖြင့် သူ့ခေါင်းသူ လက်တစ်ဖက်ဖြင့် ဆွဲဖွလိုက်သည်။ သည်အခါ ဆံပင်အချို့အတားအဆီးမရှိ ပွယောင်းသွား၏။
ဟိုတမျှင် ဒီတမျှင်နဲ့ ထိုးထိုးထောင်ထောင်ဆံပင်အချို့က
လေအရှိန်ကြောင့် ပြိုလဲသွားတဲ့ ကိုင်းပင် တွေလိုမျိုး။
ပြိုလဲသွားဟန်။

" မိုးရာသီပဲ မိုးရွာတာ အဆန်းလား မြောင်ရယ်
အိပ်ရတာ ဇိမ်တောင်ကျသေး''

ဟိုဆော့က ပြောရင်း အစောက ပါးစောင်ကပ်ခဲထားတဲ့
lolipop ကုန်သွားပြီဖြစ်ရာ တုတ်ချောင်းအား အနီးအနားရှိ အမှိုက်ပုံးထဲအား လှမ်းကာ ပစ်ထည့်လိုက်သည်။
ပြီးနောက် ထုံးစံအတိုင်း ဘောင်းဘီအိတ်ကပ်ထဲ လက်နှစ်ဖက်အား
ထိုးထည့်ကာ လမ်းဆက်လျှောက်နေခဲ့သည်။
ပတ်ဝန်းကျင်ကတော့ ခပ်မှိုင်းမှိုင်းမို့ အေးလာနေဆဲဖြစ်ရာ
နားရွက်နှစ်ဖက်တောင် အေးစက်စပြုလာပြီရယ်။

သူကဖြင့် စိတ်ပိန်နေသလောက် ဂျောင်ဟိုဆော့ တယောက်ကတော့
သူနဲ့ ဆန့်ကျင်ရာ စကားလုံးများသာထွက်လာသည်။

ဟိုဆော့ ပြောတာ မှားတယ်လို့ သူ မဆိုလိုပါဘူး။
မိုးရာသီပဲ ဟုတ်တယ် မိုးရွာမှာပဲ။
ဒါပေမယ့် အခုဟာက သွားရင်းလာရင်းမို့ အကာအကွယ်မပါတာတွေးပြီး သူပြောလိုက်ခြင်းသာဖြစ်သည်။

မိုးရေတွေရွှဲပြီး ဗွက်တွေထတဲ့ လမ်းတွေသွားရမှာ သူဖြင့် သိပ်စိတ်ပျက်တာပဲ။
မိုးရာသီကို သဘောကျပါတယ် ဒါပေမယ့် ဗွက်ထနေတဲ့ လမ်းတွေနဲ့ ထီးမပါဘဲ ပြန်ရတဲ့ အိမ်ပြန်ချိန်တွေကိုတော့ သဘောမကျဘူး။

အယ်... ညပိုင်း မိုးရွာရင်တော့ သေအောင်ကြိုက်တာ။
ဟဲဟဲ... အိပ်လို့ မတရားကောင်းတာလေ။

သူ့သဘောထားကိုပြောပြရမယ်ဆိုရင်ဖြင့် နေ့မှာရာသီဉတုလေး သာသာယာယာဖြစ်ပြီး ညတော့ မိုးရွာပေါ့။
နေ့မှာပူရင်တော့ သူတို့အိမ်လားရာ လမ်းကြားက ဗွက်တွေ ခြောက်သွားမှာလေ။
ဗွက်တွေ... ဗွက်တွေ အဲ့ဗွက်တွေက လွတ်ရင်ပြီးရော။
ဒါ သူ့စိတ်ထဲက ဖြစ်ချင်တဲ့ မိုးရာသီပဲ။

မလွတ်မြောက်ခြင်း စပျစ်နွယ်Where stories live. Discover now