Chapter 21

2.3K 372 4
                                    

Unicode

အခန်း(21)


အိမ်အပြန် ကားမောင်းသည့်လမ်း၌ ကုယွမ်းထင်သည် ဘာကြောင့်ရယ်မသိ ငြိမ်သက်တိတ်ဆိတ်နေခဲ့၏။ 

 စူးယိရန်က ထူးဆန်းနေသည်ဟု ခံစားမိနေကာ မီးနီစောင့်နေသည်အချိန်၌ ကုယွမ်းထင်ထံမှ ရုတ်တရက်မေးသံကြားလိုက်ရလေသည်။

 "ခုနကအဲဒီလူက အရင်တုန်းက အတန်းဖော်ဟောင်းလား။"

 စူးယိရန်ပြောလိုက်သည်။

"ကျွန်တော်တို့ရဲ့အလယ်တန်းကျောင်းနေဖက်သူငယ်ချင်း ချန်ရှောင်မင်လေ၊ အစ်ကိုမမှတ်မိတော့ဘူးလား၊ အဲဒီအချိန်က သူနဲ့ကျွန်တော်ရဲ့ဆက်ဆံရေးက တော်တော်လေးကောင်းခဲ့တယ်၊ နှမြောစရာကောင်းတာက နောက်ပိုင်းမှာအဆက်သွယ်ပြတ်သွားခဲ့တယ်။" 

နှစ်တွေအများကြီးကြာသွားခဲ့ပြီဖြစ်၍ အစ်ထင်ကော မမှတ်မိသည်မှာလည်း ပုံမှန်ပင်ဖြစ်၏။ အလယ်တန်းနှင့် အထက်တန်းတက်ချိန်က အချို့​သောမရင်းနှီးသော သူငယ်ချင်းများတောင်မှ သူ မမှတ်မိတော့ပေ။

 ကုယွမ်းထင်သည် ကားလမ်းရှေ့တည့်တည့်ကို အာရုံစူးစိုက်စွာကြည့်ရင်းအသံသည်လည်းပြောင်းလဲမှုမရှိဘဲ

 " ဘာလို့ အဲဒီအချိန်တုန်းက မင်းနဲ့ကိုယ်ဟာ သေချာပေါက်လက်ထပ်မယ်လို့ သူပြောနိုင်ရတာလဲ။" 

ချန်ရှောင်မင်၏ထိုစကားတစ်ခွန်းသည် ကုယွမ်းထင်၏စိတ်ထဲ၌ စွဲထင်ကျန်နေခဲ့ပြီး စူးယိရန်၏အရင်ဘဝနှင့်ငယ်ဘဝ၌ မည်သည့်အကြောင်းအရာများဖြစ်ပွားခဲ့သည့်ကို မစဥ်းစားဘဲ မနေနိုင်ဖြစ်နေသည်။

 လူငယ်ဘဝ ဆယ့်ငါး၊ ဆယ့်ခြောက်၊ ဆယ့်ခုနှစ်အရွယ်ဖြစ်နေမဲ့ စူးယိရန်လေး....။

 ကုယွမ်းထင်က စူးယိရန်ဖက်သို့ ခေါင်းလှည့်ကြည့်လိုက်ရင်း သူ၏စိတ်ထဲတွင်စူးယိရန်၏ ငယ်ဘဝပုံစံကို စိတ်ကူးယဥ်ပုံဖော်နေမိသည်။ 

 "အာ..." 

စူးယိရန်မှာ ကုယွမ်းထင် ထိုမေးခွန်း မေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။ တကယ်တော့

ငါ့ယောက်ျားက သူ့ကိုယ်သူ သဝန်ပြန်တိုနေတယ် (ဘာသာပြန်)Where stories live. Discover now