🎋 Chapter 5

614 79 2
                                    

🎋 Chapter 5

ဒုတိယသခင်လေးဖန့် ဖန်စီရင်စုကိုပြန်လာချိန်မှာသူ့ပတ်ဝန်းကျင်မှာ ကံဆိုးတဲ့အရိပ်အယောင်ကိုသယ် ဆောင်လာကာ သူအထဲကိုလှမ်းကြည့်လိုက်တော့ အစေခံကောင်လေးက အိုးကြီးတစ်လုံးနဲ့ ဖြတ်သွားနေတာကိုတွေ့လိုက်ရပြီး ဖန့်က သူ့ကိုခေါ်လိုက်တယ်။

"ချူကျိုး မင်း ဘာကိုကိုင်ထားတာလဲ ?"

"ဒုတိယသခင်လေး မင်း နောက်ဆုံးတော့ပြန်လာပြီပေါ့"

ချူကျိုးက ဖန့်ကျင့်ကျိုက်ရှေ့မှာ ပြေးရင်း ပုလင်းကြီးတစ်လုံးကိုကိုင်ထားပြီး

"ဒုတိယသခင်လေး မင်းမမှတ်မိဘူးလား၊ မနှစ်တုန်းက မင်း မက်မွန်ဝိုင်ပုလင်းကိုခြံထောင့်မှာမြှုပ်ထားခဲ့တယ်လေ၊ လွန်ခဲ့တဲ့ရက်ကပဲ အဲ့အိုးကိုသွားယူပြီး မင်းအခန်းထဲကိုဝိုင်ပို့ထားခိုင်းတယ်လေ။"

"ဝိုင်" ဆိုသည့်အသံကိုကြားပြီးနောက် ဖန့်ကျင့်ကျိုက်သည် ရုတ်တရက် ဒေါသထွက်သွားကာ

"ပစ်လိုက်!"

"ဟာ ?" ချူကျိုးက အံ့အားသင့်သွားသည် ။

ဖန့်ကျင့်ကျိုက်က စိတ်မရှည်စွာ သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး

"ပစ်လိုက်! သွန်ပစ်! ခွဲပစ်လိုက်! ငါ့ အဲ့တာကို မမြင်ရသရွေ့ဘာဖြစ်ဖြစ်!"

"သခင်လေး ဒီစပျစ်ရည်က မင်းရဲ့ အချိန်နဲ့အား ထုတ်မှုတော်တော်သုံးထားရတာ..."

"ပစ်! ပစ်လိုက်! လွှင့်ပစ်! ဒီနေ့ကစပြီး ငါ အရက်ဖြတ်မယ်!!!"

"ဟာ ?"

ချူကျိုးက သူ့သခင်ထွက်သွားတာကို ကြည့်ရင်း သူ့ပါးစပ်ကိုဖွင့်လိုက်ပြီး မနက်စောစောမှာ သူ့သခင် ဘာကြောင့်ဒီလောက်ဒေါသထွက်နေရမှန်းမသိဘူး။

ဖန့်ကျင့်ကျိုက်က သူ့လက်ကိုနောက်ပစ်ကာနောက် ပြန်လှည့်ပြီး သူ့အခန်းထဲကို လမ်းလျှောက်လာရင်း တစ်စုံတစ်ခုကို ညည်းညူလိုက်သည်။

ထိုအချိန်တွင် သူသည် မျှော်ကြည့်၍နံရံပေါ်တွင် ချိတ်ဆွဲထားသော ဓား(မကောင်းသော အရိပ်အ ယောင်ကိုတားဆီးရန်) ကိုမြင်လိုက်ကာ ဖြုတ်ချရန်လှမ်းကာ၊ ဓားကိုယ်ထည်သည် အေးစက်နေကာ ဖန့်ကျင့်ကျိုက်ဓားကိုကိုင်ထားရင်း ခဏတာရယ်မောလိုက်သည်။ သူ့အငွေ့အသက်တွေ မှိန်ဖျော့သွားပြီး နောက် သက်ပြင်းချကာဓားကိုနံရံပေါ်ပြန်တင်လိုက်ပြီးနောက် တစ်စုံတစ်ခုကိုရုတ်တရက်သတိရသွားသည်။ အောက်ကသေတ္တာကိုလှမ်းဆွဲကာ စက္ကူအိတ်သေးသေးလေးကိုဆွဲထုတ်လိုက်ပြီး ပြုံးကာ ရယ်မောပြီးနောက် ခေါင်းငုံ့ကာရယ်လိုက်သည်။ ထို့နောက် ခေါင်းငုံကာ သက်ပြင်းချလိုက်ပြန်သည်။

သောက်ရာမှ တရေးနိုးပြီးနောက် ခန္ဓာကိုယ်ရောင်းချမိခြင်း [Completed] ✅Where stories live. Discover now