Episode(5)

7.7K 697 104
                                    

[Unicode]

တောက်ခ်!!!

ရေချိုးပြီး,ပြီးချင်း တစ်တောင်တောင်မြည်နေသော
gp chatထဲက notiသံတွေကြောင့် ဝင်ကြည့်လိုက်ရာ ယွင်ရှန်းကရှောင်းကျန့်ကိုသဘောကျတဲ့အကြောင်းတွေ ၊ ကျန်တဲ့သူတွေကပါ ယွင်ရှန်းကို ကြိုးစားထားဆိုပြီး အားပေးနေတဲ့စာတွေကိုမြင်ပြီးရိပေါ်ရင်ထဲပူလောင်လာရကာ အသားတွေတစ်ဆတ်ဆတ်တုန်သည်အထိ ဒေါသထွက်လာမိသည်။

ရာရာစစသူ့ရဲ့ပေါင်ပေ့ကိုလိုချင်နေတာဘဲ!

ဘယ်လောက်ဘဲ ယွင်ရှန်းကရှောင်းကျန့်ကိုချစ်ချစ် ရှောင်းကျန့်က ယွင်ရှန်းကိုသိမှာတောင်မဟုတ်ဘူး။

ရှောင်းကျန့်ကသူ့(ဝမ်ရိပေါ်)ကိုတစ်အားခင်တွယ်တာဘဲ။

ရှောင်းကျန့်မှာသူတစ်ယောက်လုံးရှိတာမို့တစ်ခြားတစ်ယောက်ကိုလည်းခင်တွယ်ဖို့ ခွင့်မပြုပါဘူး။

Ring~~~Ring~~~

ကြည့်လိုက်တော့ ယွင်ရှန်းဆီကဖုန်းဖြစ်နေတာကြောင့် ရိပေါ်ကျစ်သပ်ကာ ကိုင်လိုက်ရသည်။

သူငယ်ချင်းအချင်းချင်းပြဿနာမဖြစ်ချင်ပေမဲ့သူ့လက်ထဲကနေရှောင်းကျန့်ကိုဆွဲထုတ်မဲ့ ဘယ်သူ့ကိုမဆို သူကြည်ဖြူနိုင်မှာမဟုတ်ဘူး။

ရှောင်းကျန့်ကသူတစ်ယောက်ထဲပိုင်တဲ့ချစ်စရာညီငယ်လေး။

"အင်း ယွင်ရှန်း"

"ရိပေါ်...ငါအကိုရှောင်းကိုသဘောကျတာမင်းလည်းသိမှာပါ..အဲ့ဒါအကိုရှောင်းကမင်းနဲ့လည်းခင်တော့ငါ့ကိုကူညီပေးပါအုံး"

"မင်းဘယ်အချိန်ကGayသွားတာလဲ"

"ဟဲဟဲ အကိုရှောင်းကိုမြင်မြင်ချင်းဘဲ"

"အင်း မင်းဘာသာမင်းလည်းကြိုးစားကြည့်လေ"

"ငါ အကိုရှောင်းရဲ့အချစ်ကိုရအောင်ကြိုးစားမှာပါကွ...
ပြီးတော့ ငါ့ကိုအကိုရှောင်းရဲ့ဖုန်းနံပါတ်လေးပေးပါအုံး"

"ငါ့ဆီမှာမရှိဘူး"

"တစ်ကယ်ကြီးလားရိပေါ်"

"အင်း"

ထို့နောက်ယွင်ရှန်းနှင့်ဖုန်းပြောပြီးရိပေါ်မှာအခန်းထဲဟိုလျှောက်ဒီလျှောက်ဖြင့်စဉ်းစားခန်းဝင်နေသည်။

ရှောင်းပေါင်ပေ့// ရှောင်းပေါင်ပေ့ [ Xiao Bao Bei ]  (Completed)Where stories live. Discover now