Episode(20)

7K 448 82
                                    

(တစ်ပိုင်းလုံး 18+မို့ မကြိုက်သူကျော်သွားပါ!)

[Unicode]

dateသည့်ဆိုင်မှာအချစ်သီချင်းခပ်အေးအေးလေးဖွင့်ထားပြီး လူကလည်းသူတို့နှစ်ဦးဘဲရှိသောကြောင့် အလွန်ကိုကြည်နူးဖွယ်ကောင်းလှသည်။

"ပေါင်ပေ့...လက်ထပ်ပြီးရင်ဘယ်မှာနေချင်လဲ...ကိုယ်တို့သီးသန့်အိမ်ခွဲနေကြမလား"

ရိပေါ်အပြောကြောင့်ရှောင်းကျန့်တွေးမိသည်က သူတို့သာလက်ထပ်ပြီးလို့အိမ်ခွဲနေရင်ကလေးရလာသည့်အခါဘယ်သူလာထိန်းမှာလဲဟူ၍ပင်။

ကလေးထိန်းဖို့ အိမ်ကိုလူကြီးတွေခေါ်ထားရင်လည်း ကိုကိုနဲ့လွတ်လွတ်လပ်လပ်နေရမှာမဟုတ်ဘူး။

"မျက်နှာလေးကဘာကိုအလိုမကျလို့စူထော်နေတာလဲ...မိဘတွေနဲ့ခွဲမနေချင်လို့လား"

"အဲ့လိုမဟုတ်ပါဘူး...ကိုကိုနဲ့အိမ်ခွဲနေချင်တာ မိဘတွေနဲ့လည်းအဝေးကြီးမှာမနေချင်ဘူး"

"ကိုကိုစီစဉ်ပြီးသားပါဗျာ...ကိုယ်တို့မိဘတွေအနီးမှာဘဲနေမှာပါ"

"ဟုတ်လား?တစ်ကယ်လား တစ်ကယ်လားကိုကို ဘယ်နားမှာလဲ"

"secret"

"ဟင့်~~ဟင့်~~ကိုကိုရာ"

ရှောင်းကျန့်ကသူ့ရဲ့အမူအကျင့်လေးအတိုင်းတစ်ဟင့်ဟင့်လုပ်ပြီးခြေထောက်နှင့်ကြမ်းပြင်ကိုပွတ်တိုက်ကာနှုတ်ခမ်းကိုစူထော်ထားသည်။

"လာပါအုံး ကလေးလေးရဲ့ ကိုကို့ကိုနမ်းပါအုံး"

ရိပေါ်ကပြောရင်းရှောင်းကျန့်ကိုယ်လုံးလေးကို သူ့ပေါင်ပေါ်စွေ့ခနဲပွေ့တင်လိုက်သည်။

"မွခ်ျ!လက်ထပ်ပြီးရင် အဲ့ဒါကပေါင်ပေ့အတွက် surpriseဖြစ်လာမှာ"

"ဟွန်း~~တစ်ကယ်လားပေါင်ပေ့ကနည်းနည်းလေးသိချင်တာကို"

"လက်ထပ်ပြီးသွားရင်အများကြီးပေးသိမယ်"

"လက်ထပ်ပြီးရင်ပေါင်ပေ့လည်း ကိုကို့ကို surpriseတိုက်စရာရှိတယ် ဟီးဟီး"

"အသည်းနှလုံးရဲ့surpriseကိုမျှော်နေပါ့မယ်ဗျာ...အခုတော့ နမ်းကြရအောင် ပြွတ်စ်"

ရှောင်းပေါင်ပေ့// ရှောင်းပေါင်ပေ့ [ Xiao Bao Bei ]  (Completed)Donde viven las historias. Descúbrelo ahora