( ၂ ) ဆယ်စုနှစ် အလွမ်း

1 0 0
                                    

" ဆယ်စုနှစ် အလွမ်း"

မိုးလေးဖွဲတော့လည်း မိုးဖွဲလေးထဲက မင်းအနမ်းတစ်စုံကို သတိရမိသေးတယ်။

နွေရာသီရဲ့ ညနေခင်းမှာ ဘက်စ်ကားလေးနှစ်ယောက်အတူစီးရင်း ကိုယ့်ရဲ့ပခုံးလေးအပေါ် မင်းအိပ်စက်ခဲ့တာကို သတိရသေးတယ်။

ဆောင်းရာသီရဲ့ ညချမ်းလေးမှာ နွေးထွေးစွာဖက်ထားပေးရင်း မင်းဆင်ပေးခဲ့တဲ့ အပြင်ခံအင်္ကျီလေးလည်း အခုထိသိမ်းထားမိသေးတယ်။

အရာရာဟာ အချိန်ဥတုတွေနဲ့ အတူ ပြောင်းလဲသွားပေမဲ့ မင်းကို သတိရစိတ်နှင့် လွမ်းတဲ့စိတ်ကတော့ လုံးဝမပြောင်းခဲ့ဘူး။

အခုဆို ဘဝတစ်ခုမှာ မင်းပျော်နေရောပေါ့ ပျော်ပါစေလို့လည်း ကိုယ်ရင်နာစွာနဲ့ဆုတောင်းပေးပါ့မယ်။

ဘုရားသခင်သာ တစ်ဖန် သနားတော်မူ၍ သားတော်အပေါ် ကောင်းချီးပေးခဲ့ရင် တောင်းချင်တဲ့ဆုကတော့ တစ်ချိန်က တစ်ခါသာ နမ်းဖူးတဲ့ ကိုယ့်အနမ်းလေးကို မင်းကိုပြန်သတိရပါစေသား။

ရဲရင့်မာန်

Zawgyi

" ဆယ်စုနှစ် အလွမ်း"







ရဲရင့်မာန်

ရဲရင့်မာန်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
အတွေးစလေးများနှင့် ကခုန်ခြင်းWhere stories live. Discover now