19🍀

756 88 10
                                    

U&Z

ရုပ်ရှင်ရုံရောက်တော့ဂျောင်ကုက popcornနှင့်သောက်စရာအချိုရည်တချို့သွားဝယ်၍ဂျီမင်တစ်‌ယောက်ထဲရပ်စောင့်နေခဲ့သည်။ခဏကြာမှဂျောင်ကုပြန်ရောက်လာပြီး နှစ်ယောက်သားရုံထဲဝင်ဖို့ပြင်လိုက်သည်။

"ဂျောင်ကုအိုပါး!"

ရုံထဲကိုမဝင်ခင်အနောက်မှကိုယ့်နာမည်ကိုလှမ်းခေါ်လိုက်၍ ဂျောင်ကုလှည့်ကြည့်လိုက်တော့ မင်ဆူ့ညီမဖြစ်နေပြန်သည်။
ဂျောင်ကုနှင့်အတူ ဂျီမင်ပါထိုမိန်းကလေးကိုလှမ်းကြည့်လိုက်မိသည်။
ထိုမိနိးကလေးက ဂျီမင်တို့နားသို့အလောတကြီးရောက်လာပြီး...

"အိုပါး သူငယ်ချင်းနဲ့ရုပ်ရှင်လာကြည့်တာလားဟင် မင်ယောင်းလည်းသူငယ်ချင်းတွေနဲ့တူတူလာကြည့်တာ "

ရောက်ရောက်ချင်းပင်သူထင်ရာကိုလျောက်ပြောလိုက်သောကောင်မလေးကြောင့်ဂျီမင်စိတ်အချဉ်ပေါက်သွားရသည်။‌ဂျွန်ဂျောင်ကုကိုချစ်တာ၊မချစ်တာမသေချာပေမဲ့ ဒီကောင်မလေးနဲ့တွဲမြင်ရရင်တော့ဂျီမင်အရမ်းစိတ်တိုမိသည်။
တကယ်တော့ဂျောင်ကုနဲ့ဒီလိုတွဲကြည့်ဖို့လုပ်မိတဲ့အစီအစဉ်ကလည်းဒီကောင်မလေးကြောင့်သာ။

ဒီကောင်မလေးနဲ့ပုံတွေမြင်တုန်းက ဂျောင်ကုပေါ်တွင် အရင်ကဂျီမင်တစ်ခါမှမဖြစ်ဖူးသောသဝန်တိုမှုကြီးတစ်ခုပေါ်ပေါက်လာရသည်။ဒါပေမဲ့ဒီသဝန်တိုမှုဟာ ချစ်သူလိုချစ်၍ဖြစ်သောသဝန်တိုမှုလား၊ညီလေးတစ်ယောက်လိုသဘောထားတဲ့အကိုတစ်‌ယောက်ရဲ့သဝန်တိုမှုလားဆိုတာဆန်းစစ်ချင်၍သာ ဒီလိုအခြေနေကို ဂျီမင်ရုတ်တရက်ဖန်တီးခဲ့ခြင်းဖြစ်သည်။

ဂျောင်ကုဘက်ကတော့တည်ငြိမ်နေပြီးသူဘာမှအပြစ်မလုပ်ထားသည့်ပုံစံမျိုးပင်။ဒါဆိုဂျီမင်တစ်ယောက်ထဲ ရင်ဘတ်ထဲမှာသံစုံတီးဝိုင်းကျင်းပနေခဲ့တာပေါ့။
အဲ့လိုတွေးမိတော့လည်းအနည်းငယ်တော့ရှက်သွားမိသည်။
အခုအခြေနေက ကိုယ်တောင်ချစ်လား မချစ်လားမသိတဲ့သူကိုသဝန်တိုနေတဲ့အနေထားကြီးမဟုတ်လား။ပျက်ချင်နေသောမျက်နှာကိုမသိမသာထိန်း၍ ဂျောင်ကုဘာပြောမလဲဆိုတာကိုသာနားစွင့်နေလိုက်သည်။

ငယ်ချစ်🍀(Completed)Where stories live. Discover now