Untitled Part 1

202 14 6
                                    


Euijoo တစ်ယောက် & Audition ၏ နောက်ဆုံးပြိုင်ပွဲဝင်ကို ကြည့်လိုက်သည်။ အတော်ပင် အရပ်ရှည်သည့် ကောင်လေးပင်။ ခြေတံရှည်ရှည် ပုခုံးကျယ်ကျယ်နှင့် သူ့ထက်တော်တော်ငယ်မည်ထင်ရသည့် ကောင်လေး နာမည်က ထူးထူးဆန်းဆန်း တစ်လုံးတည်း။

' ဝါး အရပ်တော်တော်ရှည်တဲ့ ကလေးပဲ။ မျက်နှာလေးကျတော့ သေးသေးလေးနဲ့ ချစ်စရာလေး'

သူ့ဘေးမှ K hyung က တအံ့တဩ ပြောလိုက်ခြင်းဖြစ်သည်။ ပြောနေရင်းကပင် ထို ဖြူဖြူဥဥ ဂျပန်ကောင်လေးအနား တိုးတိုးသွားနေသည်။ ထိုအစ်ကိုက သူ့ထက် အငယ်တွေဆိုလျှင် ကူညီစောင့်ရှောက်ပေးရမည် ဟု သန္နိဌာန်ချထားသည့် လူတစ်မျိုးဖြစ်တာကြောင့် ထိုစဉ်က သိပ်တော့ စိတ်ထဲမထားမိလိုက်ပါ။ I-Land မှာကတည်းက သူအပါအဝင် Taki ရော Nicholas ပါ တွေ့ကြုံခဲ့ပြီးသားမို့ မထူးဆန်းတော့တာလည်း ပါပါသည်။

ယနေ့ သူတို့ ပြိုင်ပွဲ၏ နောက်ဆုံးအပိုင်းမစခင် ပင်လယ်ကမ်းခြေသို့ ပျော်ပွဲစား ထွက်ကြရသည်။ ကားတစ်စီးတည်းတွင် ပြိုင်ပွဲဝင် 15 ယောက်လုံး ပါသည့်အပြင် အများစုက လူငယ်ဆယ်ကျော်သက်များ ဖြစ်တာကြောင့် ကင်မရာသမားများ သတိမပေးသ၍ တစ်ယောက်တစ်ပေါက်နှင့် ဆူညံလို့နေသည်။

Euijoo သူ့ဘေးက Yejun ကို ကျော်ပြီး ကြည့်လိုက်တော့ လူသွားလမ်း၏ တစ်ဖက်ခြမ်းမှ K hyung နှင့် ဂျပန်ကောင်လေး Jo ကို တွေ့ရသည်။ ထိုနှစ်ယောက်မှာ ပြိုင်ပွဲစကတည်းက တပူးပူးတတွဲတွဲ ဖြစ်နေကြသည်မှာ အကုန်လုံး မမြင်ချင်မှ အဆုံးပင်။ အကြောင်းတစ်ခုခုရှိ၍ K hyung ကို မတွေ့ပါက Asakura Jo ကိုသာ ရှာလိုက်ကြရုံပင်။ I-land member ဟောင်း လေးယောက် အတူတူ ဆုံမိကြလျှင်လည်း K က စကားပြောတိုင်း ထိုကလေးအကြောင်း မပါလျှင်မပြီး။

' Jo ကလေ ထမင်းဖြူချည်းပဲကို ဒီအတိုင်းစားရတာကို အကြိုက်ဆုံးတဲ့။ မထူးဆန်းဘူးလား' ဟူသည်က တစ်မျိုး ၊ ' Jo က အစပ်လုံးဝ မစားနိုင်ဘူး၊ အချိုတွေပဲ စားတတ်တာ ' ဟူသည်က တစ်ဖုံ တစ်ခါတွေ့တိုင်း မရိုးရအောင် TMI ပေးတတ်လွန်းလေသည်။ Euijoo ပင်လျှင် Asakura Jo အကြောင်း မေးပါက အမှတ်ပြည့်ရလောက်သည်အထိ။

UntitledWhere stories live. Discover now