Untitled Part 3

93 11 0
                                    

' အားလုံး live လွှင့်ဖို့ အဆင်သင့် ဖြစ်ကြပြီလား '

' ဟုတ်ကဲ့ စလို့ရပါပြီ'

Fuma က ခုံအောက်ကမှန်ကို ထုတ်ကြည့်ပြီး ဆံပင်ပုံစံ အဆင်ပြေမပြေကြည့်ကာ စိတ်တိုင်းကျတော့မှ &Team staff ကို live လွှင့်၍ ရပြီဖြစ်ကြောင်း အချက်ပြလိုက်သည်။ သူ့ညာဘက်တွင်နေရာယူထားသော Jo နှင့် K ကလည်း ကိုယ်နေဟန်ထားကို မတ်မတ်နေကာ အသင့်ပြင်နေကြ၏။

' Luné တို့ အားလုံးပဲ နေကောင်းကြရဲ့လား။ ဒီနေ့တော့ ကျွန်တော်ရယ် K kun နဲ့ Jo kun က live လုပ်ပြီး Luné တို့နဲ့ စကားပြောသွားမှာပါ '

Fuma က အဖွင့်စကားပြောပြီးတာနှင့် K kun ကလည်း ‌အနောက်မှလိုက်၍ စကားစပြတ်မသွားအောင် fan များ၏ comment ကို လိုက်ဖတ်ကာ ပြန်ပြောပေးနေသည်။ Jo ကတော့ အစကတည်းက စကားနည်းသူမို့ သူနှင့် K ပြောနေတာကိုပဲ ဘေးကနေ နားထောင်ကာ ရယ်စရာတွေ့လျှင် တစ်ချက်တစ်ချက် ပြုံးရယ်နေသည်။

' Jo Jo လတ်တလော TMI ရှိလားတဲ့။ ဖြေလိုက်ပါဦး'

' အာ အင်းနော်..... လတ်တလော ကျွန်တော် မနက်ပိုင်းဆို နို့ရည် လိမ်းဖြစ်နေပါတယ်'

သူရော K ပါ Jo ၏ TMI ကြောင့် တအံ့တဩ ရယ်မိကြသည်။ သူတို့နှစ်ယောက်လုံးက Idol ဖြစ်ဖို့ နှစ်ရှည် လေ့ကျင့်ခဲ့ရသူများမို့ အသားအရည်ကို ထိန်းသိမ်းဖို့ အထူးဂရုပြုရသည်ကို အသားကျနေနှင့်ပြီဖြစ်သည်။ ယခုမှ နို့ရည်စလိမ်းပါသည်ဟူသော Idol လသားလေး Jo ၏ စကားကြောင့် နှစ်ယောက်လုံး အံဩမိသည်မှာ မဆန်းလှ။ ဒါ့အပြင် အရေးကြီးသည်က ရှေ့တစ်လကမှ သူတို့ အဖွဲ့က အလှကုန်တံဆိပ် Torriden အတွက် serum တစ်ခုကို promote လုပ်ထားရသည်မို့ ဤ ရိုးသားဖိုးသခွားလေး၏ အပြောတွင် camera နောက်မှ staff များကို live ဆက်လွှင့်၍ အဆင်ပြေ မပြေ အခြေအနေကြည့်လိုက်ရသေးသည်။

' အယ် ဒါက အဆင်ပြေပါ့မလားနော် '

' အဆင်ပြေမှာပါ နောက်တစ်ခုကို ဆက်ပြောရအောင်ပါ'

Fuma က စကားလမ်းကြောင်းလွှဲကာ တခြားအကြောင်းအရာကိုသာ ပြောင်းပြောအောင် K ကို တွန်းအားပေးလိုက်သည်။

ထို့နောက် Live တလျှောက်လုံး ပြောသာ ပြောနေရသော်လည်း Fuma မှာ Luné များနှင့် တစ်ကိုယ်တော် fan sign လုပ်နေရသလိုပင်။ အကြောင်းမှာ သူ့ကို စကားလမ်းကြောင်းထိန်းပေးရမည့် K က နှစ်ယောက်ကြားမှ Jo ကိုသာ သွားသွားစနေသည်ကြောင့်။

UntitledWhere stories live. Discover now