Untitled Part - 4

66 7 0
                                    

မနက် တစ်နာရီဝန်းကျင်ခန့်။ အဆောင်တွင် member အားလုံး ကိုယ်စီ ကိုယ်စီ အိပ်မောကျနေကြမည့် အချိန်။

Harua ရေဆာသည်ကြောင့် အိပ်နေရာမှ ထကာ ခုတင်ဘေး စားပွဲရှိ ရေဘူးကို လက်လှမ်းလိုက်သည်။ ရေတစ်စက်မျှရှိမနေ။ နိုးတစ်ဝက်မျက်လုံးများကို လက်ဖနှောင့်ဖြင့် တစ်ချက်ပွတ်ပြီး ဦးတည်လိုက်သည်က မီးဖိုချောင်သို့။

မီးခလုတ်အဖွင့်တွင် ဘွားခနဲ မြင်လိုက်ရသည့် အရာကြောင့် Harua လန့်ပြီး ကိုယ့်ရင်ဘတ်ကိုယ်ဖိကိုင်လိုက်ရသည်။

မလန့်ပဲနေမလားလေ။ K hyung က စားပွဲတွင်ထိုင်နေပုံရသည့် Jo ၏ ခြေထောက်နှစ်ဖက်ကြား ဝင်ရပ်နေပြီး နှစ်ယောက်လုံးကလည်း အနက်ရောင်ထက်အောက် ဝတ်ထားသည်မို့ ရုတ်တရက် အနောက်မှ ကြည့်လိုက်ပါက သူ ညမအိပ်ခင်ကြည့်ခဲ့သည့် ‌The Nun ဇာတ်ကားထဲမှ သရဲမကြီး နောက်ကျောနှင့်ပင် တူနေသည်။

' K hyung ၊ Jo ၊ မီးမဖွင့်ပဲ ဘာလုပ်နေကြတာလဲဗျာ။ ကျွန်တော် အစ်ကိုတို့ကြောင့် နှလုံးရောဂါရတော့မှာပဲ'

' Harua ရေလာသောက်တာလား။ အစ်ကိုတို့က ခေါက်ဆွဲပြုတ်စားမလို့။ စားဦးမလား'

K hyung နောက်ကို လှည့်လာမှပင် နှစ်ယောက်လုံးလက်ထဲမှ ခေါက်ဆွဲဘူးများကို မြင်တော့သည်။

' ရှိသေးရင် စားမယ်လေ။ မနက်ဖြန် schedule မှ မရှိတာ'

' အိုခေ'

မနက်စောစောထစရာမလိုသလို ရိုက်ကူးရေးဘာညာလည်း မရှိသည်မို့ အသင့်စားခေါက်ဆွဲလို sodium များသည့် အစားအသောက်တွေကို ပုံမှန်လို ချင့်ချိန်ရှောင်‌နေစရာ မလိုတော့ပေ။ Harua နှင့် Jo က စားပွဲတွင်ထိုင်ကာ စောင့်နေစဉ် K hyung က ‌လျှပ်စစ်ရေနွေးကရားကို ထယူနေသည်။

ရေနွေးရမည်ကိုစောင့်နေရင်း Jo နှင့် သူက အရသာမှုန့်များကို ဝေးကွာနေသည်မှာ တစ်လကိုးသီတင်းရှိနေပြီဖြစ်သော ခေါက်ဆွဲဘူးများထဲသို့ ဖောက်ထည့်နေလိုက်သည်။

K Hyung က ရေနွေးဆူလျှင်ဆူချင်း အိုးကို စားပွဲမျက်နှာပြင်ကို မထိအောင် မ ယူလာကာ Jo ၏နံဘေးတွင် ဝင်ထိုင်သည်။

You've reached the end of published parts.

⏰ Last updated: 7 days ago ⏰

Add this story to your Library to get notified about new parts!

UntitledWhere stories live. Discover now