🍐64🍐အမောပြေသွားပြီ

1.4K 175 0
                                    

Second life

(64)
{အမော​ပြေသွားပြီ}

ညအချိန် စုချွမ်းအိမ်တော်၌။

ဖုန့်အိမ်တော်ကနေ ထွက်လာတော့ လမ်းတစ်လျှောက်လုံး ပေကျစ်ကျိုးရဲ့ အရိပ်တပ်သားတွေ လိုက်လာတာကြောင့် ဖုန့်ရှောင်းမှာ ထိုလူတွေကို တိုက်ခိုက်ရင်း ပြေးလာခဲ့ရသည်။

သူ စုချွမ်းအိမ်တော်ကို ရောက်တဲ့အချိန်မှာတော့ တော်တော်လေး ပင်ပန်းနေပြီ ဖြစ်သည်။ အရိပ်တပ်သားတွေက ခြင်္သေ့တစ်ကောင် အမဲလိုက်နေသလိုမျိုး သူ့အသက်ကိုပဲ ရန်ရှာနေခဲ့ရာ ဖုန့်ရှောင်း ထိုလူတွေကို ကြိုးစားပမ်းစား မျက်ခြေဖျက်ခဲ့ရသည်။

ရွှီကျန်းက သူ့ကို အမောပြေစေရန် လက်ဖက်ရည် ငှဲ့ပေးလာသော်လည်း သူ့ဖက်က လူတစ်ယောက် ဆုံးရှုံးလိုက်ရတာကြောင့် အနည်းငယ် မျက်နှာမကောင်းချေ။

ဖုန့်ရှောင်း -"အဲဒီပေကျစ်ကျိုးက ဘယ်လောက်တွေတောင် တော်နေလို့လဲ?"

ရွှီကျန်းသည် ချွေးတွေရွှဲနေတဲ့ ဖုန့်ရှောင်းကို မျက်စောင်းထိုးကြည့်ပြီးနောက် တစ်ဖန် မျက်နှာလွှဲသွားသည်။

ဖုန့်ရှောင်းကို ကူညီပေးလိုက်ရလို့ သူ့ရဲ့နောက်လိုက်တစ်ယောက် ပါသွားပြီလေ။ သူစုံစမ်းကြည့်ရသလောက်တော့ ပေကျစ်ကျိုးက လူသတ်တဲ့နေရာမှာ လုံးဝ မျက်တောင်မခတ်ဘူး။

အဲဒီလူက သူ့လက်အောက်ကလူ ဖြစ်နေရင်တောင် သူ့လမ်းကို လာရှုပ်ရင် ခေါင်းဖြတ်ပစ်ဖို့ ဝန်မလေးတဲ့သူ။ သူ့လူကို သတ်ပစ်လိုက်တဲ့ အချိန်တုန်းက ဘာမှတောင် ခံစားရမှာ မဟုတ်ဘူး။

ရွှီကျန်း -"သူရှိနေသရွေ့ ခင်ဗျား ဖုန့်အိမ်တော်ကို ပြန်လို့ရမှာ မဟုတ်ဘူး... "

ဖုန့်ရှောင်းလည်း အံကြိတ်လိုက်ကာ။

"ဖုန့်အိမ်တော်ကို ဧကရာဇ်က တိုင်းပြည်နေရာအဖြစ် ထိန်းသိမ်းလိုက်ပြီ....အခု ဖုန့်ဝူယိက အဲဒီမင်းသားနဲ့ ပူးပေါင်းပြီး ဖုန့်အိမ်တော်ကို ပြန်တည်ထောင်ချင်နေတာ"

"ခင်ဗျား ဖုန့်အိမ်တော်မှာ နေရာတစ်ခု ပြန်လိုချင်တယ် ဆိုရင် သူတို့နဲ့ ကောင်းကောင်း ဆွေးနွေးသင့်တယ်"

Second life (OC) Completed Where stories live. Discover now