🍐71🍐 လှောင်ပြုံးနဲ့မျက်ရည်

1.4K 164 0
                                    

Second life

(71)
{ လှောင်ပြုံးနဲ့မျက်ရည်}

ချင်းမင်သခင်မရဲ့ 'မင်းလုပ်နိုင်ပါ့မလား' ဆိုတဲ့ စကားကို ဖုန့်ဝူယိကို မျက်မှောင်ကြုတ်သွားစေသည်။ သူက လက်တစ်ဖက်မှာ ကိုင်ထားတဲ့ ဓားကိုဆွဲထုတ်ကာ ချင်းမင်သခင်မထံ ပြေးဝင်သွား၏။

အိမ်ပိုင်ရှင် သခင်ကြီးက သူတို့နှစ်ယောက်အတွက် နေရာပေးတဲ့ အနေနဲ့ ခြေလှမ်းတွေ ဆုတ်ပေးလိုက်သည်။

ပေကျစ်ကျိုးကလည်း အခြေအနေကို စောင့်ကြည့်နေပြီး ဖုန့်ဝူယိကို ဝင်ကူဖို့ အသင့်အနေအထား ဖြစ်နေသည်။ ဖုန့်ဝူယိရဲ့ အတွင်းအားတွေ တိုးလာသလို ချင်းမင်သခင်မဟာလည်း ဒဏ်ရာရထားတာကြောင့် အနည်းငယ် ကိုင်တွယ်ရ လွယ်ကူ၏။

ပေကျစ်ကျိုး ဘေးထွက်နေတဲ့ စုန့်သခင်ကြီးနဲ့ သူ့အပေါင်းအပါတွေကို ကြည့်လိုက်သည်။ သူတို့က ချင်းမင်သခင်မအတွက် ဝင်ကူပေးဖို့ စိတ်ကူးရှိပုံ မပေါ်ချေ။

သို့သော်လည်း သူတို့ဒီကို မလာခင် အရိပ်တပ်သားတွေ ဆီကနေ စုန့်သခင်ကြီးအကြောင်း သတင်းရထားပြီးသား ​ဖြစ်သည်။

စုန့်သခင်ကြီးနှင့် ချင်းမင်သခင်မတို့ဟာ တမအေတည်းက ဆင်းသက်လာတဲ့ မောင်နှမ အရင်းတွေ ဖြစ်ကြသည်။ ဘာကြောင့် သူတို့ စိတ်ဝမ်းကွဲသွားတယ် ဆိုတာကတော့ အနည်းငယ် စုံစမ်းရခက်သည်။

ဗုန်း!

လက်ဝါးချင်း ရိုက်မိပြီး အတွင်းအားလှိုင်းတွေ ပျံ့နှံ့သွားသည်။

ဖုန့်ဝူယိ အနောက်ကို ပြန်လွင့်လာစဥ် ပေကျစ်ကျိုး လက်တစ်ဖက်ဆန့်၍ အသင့်ဖမ်းထားလိုက်သည်။

တစ်ဖက်ရှိ ချင်းမင်သခင်မဟာတော့ တိုင်ကြီးဖြင့် ပြေးတိုက်မိပြီး သွေးတစ်လုတ် အန်ကျလာသည်။

ဖုန့်ဝူယိ -"ကျွန်တော် သုံးလိုက်တာ ချိုးဖျက်လက်ဝါးသိုင်းရဲ့ အပြင်းဆုံး အဆင့်ပဲ... ချင်းမင်သခင်မ ခံစားမိရဲ့လား မသိဘူး..."

ဖုန့်ဝူယိရဲ့ တစ်ဖက်လူအပေါ် အေးတိအေးစက်နဲ့ ဆက်ဆံနေပုံက တစ်မျိုးဖြစ်နေလို့ ပေကျစ်ကျိုးမှာ မငေးဘဲ မနေနိုင်ပေ။

Second life (OC) Completed Where stories live. Discover now