Ep-6(uni+Zg)🖤

4.5K 398 23
                                    

6

Jeonနှင့်Jiminသည် သူတို့၏မင်္ဂလာပွဲတွင် ဝတ်ဆင်ရမည်ဖြစ်သော မင်္ဂလာဝတ်စုံအား အရင် အစမ်းဝတ်ကြည့်ကြသည်။Jeonအတွက်က weeding suitအနက်ရောင်ဖြစ်၍ Jiminအတွက်မှာ အဖြူရောင် suitဖြစ်သည်။ ဝန်ထမ်းကောင်မလေးနှစ်ယောက်က ထိုဝတ်စုံနှစ်စုံအား တယောက်တစ်စုံယူလာပြီး အနက်ရောင်suitကိုJeonအားပေး၍ အဖြူရောင်suitကို Jiminအားပေးလိုက်သည်။ Jeonသည် ဝတ်စုံအားယူ၍ အဝတ်လဲခန်းထဲသို့ဝင်မည့်အချိန်တွင်

"အဖြူရောင်ကြီးမဝတ်ချင်ဘူး....."

Jeonသည်အနောက်သို့လှည့်ကြည့်လိုက်သောအခါ Jiminက ဆူပုပ်နေသောမျက်နှာဖြင့် ဝတ်စုံအားကိုင်ထားကာ Jeonအားစိုက်ကြည့်နေလေသည်။ Jeonက Jiminထံသို့ပြန်လျှောက်သွားပြီး

"အဖြူရောင်ကဘာဖြစ်လို့လဲ.....မင်းနဲ့လိုက်တာပဲ....."

"မကြိုက်ဘူး.....ငါလည်းအမဲရောင်ပဲဝတ်မယ်"

Jeonသည်ဝန်ထမ်းကောင်မလေးအားကြည့်လိုက်တော့ ထိုဝန်ထမ်းကောင်မလေးက

"ဟို....သတို့သားနှစ်ဦးလုံးက အနက်ရောင်နဲ့ဆိုရင် အဆင်မပြေလောက်ဘူးရှင့်"

JiminကJeonအားလက်ညှိုးထိုးလိုက်ကာ

"အဲ့ဒါဆို သူ့ကိုအဖြူပေးလိုက် ငါအမဲပဲဝတ်မှာ...."

ဝန်ထမ်းကောင်မလေးကလည်း

"ဟို.......ဒီဝတ်စုံတွေက Jeonသခင်မ စီစဥ်ခိုင်းထားတာပါ......"

ထိုအချိန်တွင် ဆိုင်ပိုင်ရှင်သူဋ္ဌေးမကရောက်လာပြီး

"Jungkookie.....ဘာအဆင်မပြေလို့လဲသား....."

Jeonက သက်ပြင်းချကာ

"သူက ဝတ်စုံကိုအဖြူရောင်မဝတ်ချင်ဘူးတဲ့......"

ထိုအခါသူမက Jiminအနားသို့လျှောက်သွားလိုက်ပြီး

"Jungkookieလေးရဲ့ သတို့သားလေးလား......ချစ်စရာလေးပဲ.....တွေ့ရတာဝမ်းသာတယ်ကွယ်.......အန်တီက Jeonသခင်မနဲ့ကျောင်းနေဖက်သူငယ်ချင်းတွေလေ......."

Jiminက မျက်ခုံးများတွန့်လိုက်ကာ

"အဲ့တော့......"

"Park Jimin!!!"

Jiminက Jeonအားကြည့်ကာ မျက်နှာမဲ့ပြလိုက်သည်။ ဆိုင်ရှင်အမျိုးသမီးက Jiminအား

အမုန်းမှလွန်၍...... (Completed) Where stories live. Discover now