Extra(uni+Zg)🖤

6.1K 387 61
                                    

Extra

Jeonသည် အခန်းထဲရှိ ကိုယ်လုံးပေါ်မှန်တွင် မိမိကိုယ်ကိုသေချာစစ်ဆေးပြီးနောက် ရေချိုးခန်းရှိရာသို့လှည့်၍

"ကလေးလေးရေ....သွားရအောင်လေ"

ထိုအခါရေချိုးခန်းထဲမှပြန်လည်ထွက်ပေါ်လာသော တုံ့ပြန်သံလေး

"လာပြီ ခနလေး ကိုကို....."

အသံနှင့်တပြိုင်နက်ရေချိုးခန်းတံခါးပွင့်လာပြီး Jiminကထွက်လာကာ သူ၏အင်္ကျီအား သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြုလုပ်ပြီးJeonအနားသို့လျှောက်လာကာ မော့ကြည့်၍

"ပြီးပြီ ကိုကို....."

Jeonက Jiminခန္ဓာကိုယ်အားသေချာကြည့်ပြီးဘီဒိုထဲမှ long coatအညိုရောင်လေးထုတ်လိုက်ကာ Jiminအားဝတ်ပေး၍

"အပြင်မှာနည်းနည်းအေးတယ်......"

Jiminကိုဝတ်ပေးပြီးနောက် Jeonက Jimin၏နှဖူးလေးအားဖွဖွလေးနမ်းကာ

"သွားကြမယ်"

JiminကJeon၏လက်မောင်းအားတွဲချိတ်ထားလိုက်ပြီး အခန်းထဲမှထွက်လာကာအောက်ထပ်သို့ဆင်းလာကြသည်။ အောက်ထပ်တွင်အလုပ်သမားများဖြင့်အလုပ်ရှုပ်နေကြသောကြောင့် Jeonက သူ၏လက်မောင်းမှ Jiminတွဲထားသောလက်လေးအားဖြုတ်လိုက်ကာ Jimin၏ပခုံးမှဖက်၍ သူ၏ရင်ခွင်ထဲရောက်လုမတတ်ဆွဲဖက်ထားပြီး ခြံထဲတွင် အလုပ်သမားများအားညွှန်ကြားနေသော အဒေါ်ကြီးနှင့်ဆိုရာအနားသို့လျှောက်သွားပြီး

"ဒေါ်ကြီး......ကျနော်တို့ခနသွားလိုက်ဦးမယ်......မေမေရောက်လာရင်ပြောပေးထားပါဦး....ညနေပွဲအတွက်လည်းသေချာစီစဥ်ပေးထားနော် ကျနော်ပြန်လာမှ ကျန်တာတွေကြည့်ပြီးစီစဥ်ပေးမယ်....."

"အေးပါကွယ်.....သေချာနှုတ်ဆက်ခဲ့ကြနော်....ကားကိုလည်းဂရုစိုက်မောင်းကြ"

"ဟုတ်ကဲ့"

ထို့နောက်Jeonနှင့်Jiminက ကားအနားသို့ပြန်လျှောက်လာပြီးJeonက lover seatတံခါးဘက်အားဖွင့်ပေးလိုက်တော့ Jiminက ပြုံးကာဝင်ထိုင်လိုက်သည်။Jeonကတံခါးပိတ်ပေး၍ မောင်းသူနေရာတွင်ဝင်ထိုင်လိုက်ပြီး Jeon အိမ်တော်ထဲမှမောင်းထွက်လာခဲ့ကြသည်။

အမုန်းမှလွန်၍...... (Completed) Where stories live. Discover now