Chapter 1

767 44 12
                                    

Unicode

"Nattawat"

"Khrap"

"Congratulations ပါသား၊ အတန်းပါတ်လည် အမှတ်အများဆုံးနေရာကို ဒီတစ်ခေါက်လည်း ဆက်ထိန်းထားနိုင်တယ်"

Fourth ရဲ့မျက်လုံးများက၀င်းလက်တောက်ပနေသည်။ ၀မ်းသာနေတာ အရမ်းကြီးမသိသာအောင် အပြုံးကို ခပ်မှေးမှေးလေးပြပြီး အတန်းရှေ့က ဆရာမကို ကျေးဇူးတင်စကားဆိုလိုက်သည်။

"ကျေးဇူးပါဆရာမ"

ဆရာမလည်း အတန်းဖြုတ်ကာ ထွက်သွားတော့ တစ်ခန်းလုံးက စကားသံများ ထွက်လာတော့သည်။

"ဟေ့ကောင် Fourth, မင်းနာမည်‌ပြောင်ကို Fourth မဟုတ်ပဲ First လို့သာပြောင်းလိုက်ပါတော့လားကွာ"

"အေးလေ စာမေးပွဲပါတ်တိုင်း မင်းပဲအမှတ်အများဆုံးရနေအောင် ဘာတွေများစားလို့လဲ"

"ငါကဘာမှမစားဘူး၊ နင်တို့သာ အလေလိုက်ပြီးညံ့နေလို့ ငါ့ကိုအရမ်းတော်တယ်ထင်နေကြတာ"

"မင်းငါတို့ကိုဖဲ့လိုက်တာလား အားပေးလိုက်တာလား"

"နှစ်မျိုးစလုံးပဲ၊ တော်ပြီကွာ မင်းတို့ကစကားကိုများတယ်၊ နောက်တစ်ချိန် chemistry ၀င်မှာ၊ အိမ်စာတွေပြီးပြီလား"

"အဲ ဟို အဲ့ဒါကလေ...."

"ဟို....."

"အွန်း အွန်း အိမ်စာမလုပ်ခဲ့ဘူးမလား"

"မဟုတ်ပါဘူးဟ မနေ့ညက တစ်ညလုံးနီးပါး အိမ်စာကိုလုပ်ဖို့ကြိုစားပါသေးတယ်၊ ဒါပေမယ့် ဘယ်ကစရမှန်းမသိလို့ ဟီး"

"ဘယ်ကစရမလဲမသိရင် လက်ထဲကဖုန်းကိုအရင်ပိတ်လိုက်‌၊ နော်၊ ရော့ဒီမှာ ကူးချင်လည်းကူး"

ထိုကဲ့သို့သော အဖြစ်အပျက်များမှာ ထူးဆန်းသည်တော့မဟုတ်၊ အိမ်စာရှိလာတိုင်း Fourth သူငယ်ချင်း Win နဲ့ Bae တို့က Fourth ဆီက ကူးယူနေကျ၊ ကူးမယူခင် ဘဘ Fot Fot ရဲ့ ဆူငေါက်ခြင်းကို ခံရတာလဲ အမြဲလိုလိုပါပဲ။ စာတော်သလောက်ဆရာကြီးစတိုင်ဖမ်းတတ်တာလည်း သူ့အပြင်မရှိတော့ တစ်ကျောင်းလုံးက ကျောင်းသူတွေကြားထဲ Fourth Nattawat ဆိုတဲ့ နာမည်တစ်ခု ပျံ့လွင့်နေတာ မဆန်းချေ။

"Fourth ရှင့်၊ ဒီနေ့ထပ်ရမယ့် Chemistry အိမ်စာလေးပြီးပြီလားဟင်?"

"အင်း၊ နောက်တစ်ချိန်ထပ်ရမှာလေ"

Love Book (Paused)Donde viven las historias. Descúbrelo ahora