Chapter 6

393 25 10
                                    

Unicode

စစချင်းမသိသာသော်ငြား အချိန်တရွေ့ရွေ့ကုန်ဆုံးလာပြီး ညနက်လာသည်နှင့်အမျှ တိတ်ဆိတ်ခြင်းတို့ အခြေကျလာပြီး ခံစားချက်တစ်စုံတစ်ရာဟာ နှစ်ယောက်သားရဲ့ အိပ်ချင်စိတ်တို့ကို အနှောက်အယှက်ပေးလေတော့သည်။

အိပ်မပျော်တာကြောင့် Fourth မှာ ညာဘက်ကိုစောင်းအိပ်ရန် လှည့်လိုက်လေတော့ မိမိညာဘက်ဘေး၀ယ် မိမိဘက်လှည့်အိပ်နေသော Gem မျက်နှာမှာမိမိမျက်နှာနှင့် မျက်မှာချင်းဆိုင် တစ်မိုက်ခန့်အကွာမျှသာ ဝေး‌တော့သည်။

ရုတ်တရတ်အမြင်အာရုံဆီရောက်လာတဲ့ အနီရောင်နုနု နှုတ်ခမ်းဖူးလေးကြောင့် Fourth အာခေါင်များပင်ခြောက်လာသည်။ Gem ဆီက အသက်ရှူသံကို ခံစားနေရသည်အထိ နှစ်ယောက်သားမျက်နှာတို့မှာ အနီးကပ်ရှိနေကြ၏။

"မင်းလည်းအိပ်မပျော်ဘူးလား"

အိပ်ပျော်နေပြီဟုထင်ရသော Gem ရဲ့ ထိုနှုတ်ခမ်းရဲရဲလေးက လှုပ်ခတ်လာခြင်းနှင့်အတူ အသံခပ်ဩဩကိုကြားလိုက်မှ သူလည်းအိပ်မပျော်သေးမှန်းရိပ်မိတော့သည်။

"ဘယ်နှနာရီရှိပြီလဲ"

"၁၂ နာရီကျော်ပြီ"

"ပုံမှန်ဆို မင်း ဘယ်အချိန်အိပ်လဲ"

"ပုံမှန်မရှိဘူး၊ အပ်ထားတဲ့ assignment တွေမပြီးရင်တော့ သန်းခေါင်ကျော်တယ်၊ မင်းကော"

"ငါက ၁၀ နဲ့ ၁၁ ကြားလောက်ဆိုအိပ်တယ်၊ ညဘက်ဆိုအစောကြီး ပင်ပန်းတတ်လို့"

"အော်"

ထိုခဏအတွင်း စကားသံများပြန်လည်ငြိမ်သက်သွားသည်။ နှစ်ယောက်လုံးရဲ့အတွေးထဲမှာ အိပ်ပျော်အောင်ကြိုးစားဖို့ထက် စကားကို ဘယ်လိုဆက်မလဲဆိုတဲ့အတွေးက မသိမသာ လွှမ်းမိုးလာသည်။

"အိမ်မှာမင်းတို့သားအမိပဲနေတာလား"

"အွန်း"

"အဖေကကော?"

"မရှိတော့ဘူး၊ ဆုံးသွားတာကြာပြီ"

"ဪ ဆောရီးနော် ငါမမေးသင့်တာမေးမိသွားလား"

"ဘာမှမဖြစ်ပါဘူး၊ ကြာခဲ့ပြီပဲ"

You've reached the end of published parts.

⏰ Last updated: Sep 18, 2023 ⏰

Add this story to your Library to get notified about new parts!

Love Book (Paused)Where stories live. Discover now